Nero က 2014 အတွက် နောက် ဆုံး ထွက် တဲ့ version လေး ပါ......
DownLoad
Thursday, 19 December 2013
Friday, 4 October 2013
To hack Wpa/ Wpa2 ...
I didn't test it yet. However you can test at your own. I can not guarantee whether this software will gonna work or not.
Download
Source from the http://appnee.com/cdlinux-minidwep/
Download
Source from the http://appnee.com/cdlinux-minidwep/
Wednesday, 21 August 2013
samsung galaxy win gt 18552 ကိုအလွယ်တစ်ကူ root နိုင်ကြပါပြီ။
မေးထဲကမေးထားတဲ
့ညီလေးkyaw htay အတွက်ပါ နောက်လူတွေလည်း ကွန်ပျူတာမလိုပဲ အလွယ်တစ်ကူ root
ချင်ရင်သုံးလို့ ရပါတယ်။ဒီကောင်လေးက ကွန်ပျူတာမလိုပဲအသုံးပြုလို
့ရပါတယ်ခင်ဗျာ။တစ်ခြား ဖုန်းအမျိုးအစားတော်တော်များများကိုလည်းအသုံးပြုလို
့ရပါတယ်ခင်ဗျာ။
ကဲအားလုံးပဲစမယ်နော်မိမိဖုန်းကို
အင်တာနတ်ချိတ်ပေးထားရပါမယ်။
အရင်ဆုံးအနေနဲ့ မိမိတို့ ဖုန်းမှာ battery ဟာ 70 % or 80% နှုန်းလောက်တော့ ရှိရမယ်နော်။
usb debugging ကိုလုပ်ပါ။ (All application > setting > manage application> developement > usb debugging လုပ်ပါ။အသေးစိတ်ကို ဒီမှာ ကြည့် ပေးပါခင်ဗျာ။
လိုအပ်တဲ့  zip ဖိုင်ကို ဒီမှာ ယူပေးပါ။ခင်ဗျာ
ပြီးရင် zip ဖိုင်ထဲက superuser ကို install လုပ်ပေးလိုက်ရင် root ဖောက်လို့ ပြီးသွားပါပြီခင်ဗျာ
ဒါကအဆင်ပြေခဲ့ တဲ့ စာရင်းပါဗျာ
Samsung Galaxy S2 Epic 4G Touch -SPH-D710
Samsung Galaxy S2 GT-I9100
Samsung Galaxy S3 GT-I9300
Samsung GalaxyS3 LTE GT-I9305
Samsung Galaxy Tab Plus GT-P6200/GT-P6210
Samsung Galaxy Tab7.7 GT-P6800/GT-P6810
Samsung SGH-i997 Infuse 4G T-Mobile
Galaxy Note 2 T-889Verizon
Galaxy Note 2 SCH-I605 iBerry
Tuesday, 6 August 2013
Apologize
I have not been uploaded any new technology information for a long time. I will start upload the information that will require for you and the most affect of technology information very soon..
I apologize you guys.................
Tas .......................................
I apologize you guys.................
Tas .......................................
Wednesday, 20 March 2013
How To Reset Your Forgotten Windows Password The Easy Way
Windows built-in password reset feature ကို အ သုံး ပြု ပြီး Password Reset Disk
ပြုလုပ်နည်းအကြောင်းကိုလည်းရေးပေးဖူးပါတယ်။Password Reset Disk
မပြုလုပ်မိတဲ့ အခြေအနေမှာ သင့်ဝင်းဒိုး ရဲ့  password မေ့ သွားခဲ့ရင်တော့
freeware တစ်ခု ဖြစ်တဲ့ Lazesoft Recover My Password
ဆော့ဝဲကို အသုံးပြုပြီး password reset
ချနည်းကိုလည်းရေးပေးပြီးပါပြီ။ဒီလို windows password reset disc တွေကို
အသုံးပြုဖို့ သင် နောက်ထပ် ကွန်ပြူတာတစ်လုံးကို အသုံးပြုရမှာပါ။အခု
ပြောပြမယ့်နည်းက password reset disc လည်းအသုံးပြုစရာမလို တဲ့ အတွက်
နောက်ထပ် ကွန်ပြူတာတစ်လုံးမရှိဘဲနဲ့ သင့် windows password ကို reset
လုပ်နိုင်မှာပါ။သင့်မှာလို အပ်တာက Windows Installer CD/DVD တစ်ခုပါပဲ။
Windows
CD/DVD ကို drive ထဲထည့်ပြီး သင့်ကွန်ပြူတာကို CD/DVD ကနေ boot တက်ပါ။
ပထမအဆင့်ကို ကျော်ပြီးနောက်အဆင့်မှာ “Repair Your Computer” ကို နှိပ်ပါ။
Command Prompt option ရောက်တဲ့ အထိဆက်သွားပြီး Command Prompt ကိုနှိပ်ပါ။အောက်က command နှစ်ကြောင်းကို တစ်ခု ချင်းစီရိုက်ပြီး enter နှိပ်ပေးပါ။
copy c:\windows\system32\sethc.exe c:\ |
copy c:\windows\system32\cmd.exe c:\windows\system32\sethc.exe
|
Windows ကို restart လုပ်ပါ။Boot Order မှာ CD/DVD ကနေ မတက်ဘဲ နဂို မူလအတိုင်း hard drive ကနေ boot တက်ပါ။Log In screen ရောက်ရင် shift key ကို (၅) ကြိမ်နှိပ်ပါ။Administrator mode command prompt ပေါ်လာပါလိမ့်မယ်။
အောက်က
command ကို ရိုက်ပေးပါ။Username နေရာမှာသင့် username ကို ရိုက်ပေးပြီး
MyNewPassword နေရာမှာ သင်နှစ်သက်ရာ password တစ်ခု ကို ရိုက်ပေးပြီး reset
လုပ်နိုင်ပါတယ်။
net user username MyNewPassword |
ပြီးရင်အပေါ်မှာ နေရာပြောင်းထားတဲ့ sethc.exe ဖိုင်ကို သူ့ နေရာ အမှန်ကို ပြန်ပြောင်းပေးဖို့ လို ပါတယ်။Windows CD/DVD ကနေ boot တက်ပြီး command prompt ကနေ အောက်က command ကို ရိုက်ပေးပါ။
copy c:\sethc.exe c:\windows\system32\sethc.exe |
Source from http://thu-ya.blogspot.com/2013/03/how-to-reset-your-forgotten-windows.html
Wednesday, 9 January 2013
Lock ကျနေသာ Facebook အကောင့် ပြန်ယူနည်း
လတ်တလော Facebook ရဲ့ ပြောင်းလဲသွားသော ပေါ်လစီကြောင့် ကမ္ဘာတစ်လွှားက အကောင့်တွေ တော်တော်များများ ပိတ် (Lock) ကျသွားပါတယ်။ ပြန်မရတော့လောက်အောင်ကို စိတ်ညစ်စရာ ကောင်းပေမယ့် အကောင့်ကို အလွယ်တကူ ပြန်ရနိုင်ပါတယ်။ ဒါကြောင့် အကောင့်သစ်သုံးနေပြီး မူလအကောင့် ကိုပြန်လိုချင်သူ များ အောက်ပါ အတိုင်း လုပ်ဆောင်ရန်လိုအပ်ပါတယ်။
အကောင့် လော့ကျတဲ့အခါ ဖုန်းနံပါတ် တောင်းပါလိမ့်မယ်။ ဒါကိုတော့ ကာယကံရှင် လူတိုင်းကြုံတွေ့ပြီး ဖြစ်ပါတယ်။
ဖုန်းနံပါတ်ရမှ အကောင့်ပြန်ဖွင့်ပေးမယ်လို့ ပြောထားပြီး နီးစပ်ခင်မင်ရာ သူငယ်ချင်း ဖုန်းနံပါတ် ငှားလိုက်တာမျိုး မလုပ်သင့်ပါဘူး။
နိုင်ငံခြားရောက်နေတဲ့ အသိတစ်ယောက်ယောက်ရဲ့ ဖုန်းနံပါတ်ကို အသုံးပြုပြီး အကောင့် ပြန်ရတာမျိုးအနည်းငယ်ရှိပေမယ့် ဒါက ရေရှည်မကောင်းပါဘူး။ ဘာလို့လဲဆို Facebook ဟာ ယင်းဖုန်းနံပါတ်ကို မှတ်သားလိုက်ပြီဖြစ်ပြီး နောက်ထပ် ယခုလို Lock ကျတာမျိုးတို့ Hack ခံရတာမျိုးနဲ့ ကြုံတဲ့အခါ ယင်းဖုန်းနံပါတ်နဲ့ အမြဲပတ်သက်နေရတော့မှာ ဖြစ်ပါတယ်။
ဒါကလည်း အမြဲပြောင်းလဲနိုင်ပါတယ်။ဒါကြောင့် အကောင့်လော့ကျတဲ့အခါ အကောင့်ကို ဘာမှ မသုံးပဲ ၄၈ နာရီ (၂ ရက်တိတိ) ဒီတိုင်းထားပါ။ ၁ရက်ခွဲလည်း ရပေမယ့် Facebook က ၂ ရက်လို့သတ်မှတ်ထားတဲ့အတွက် သူသတ်မှတ်ထားတဲ့ Step အတိုင်းသွားတာ ကောင်းပါတယ်။
အဲလိုမဟုတ်ပဲ ၄၈ နာရီအတွင်းမှာ ထိုင်ကလိနေရင်တော့ သတ်မှတ်ရက်ထက် ပိုကြာသွားနိုင်ပါတယ်။
၂ ရက် (၄၈ နာရီ) ပြည့်ပြီဆိုမှ အကောင့်ကို ယခင်ထုံးစံအတိုင်း Log In လုပ်ပါ။ ဒီမှာ Internet Explorer ကို အသုံးပြုဖို့
ပိုအကြံပေးချင်ပါတယ်။ Mozilla Firefox၊ Google Chrome, Safari အစရှိသဖြင့် အမျိုးမျိုး ခေတ်စားနေတဲ့ Browser များ
ဟာ Security မြင့်မားပါတယ်။ Internet Explorer ကတော့ တားမြစ်ထားတာ သိပ်မရှိပါဘူး။
အချို့  ဝဘ်ဆိုဒ်များက Right click Disable လုပ်ထားတာတောင် Internet Explorer မှာ ရတတ်ပါတယ်။ ဘာပဲ Download ဆွဲဆွဲ Internet Explorer မှာ အတားအဆီး နည်းတယ်ဆိုတာ လက်တွေ့ သုံးဖူးသူတိုင်းသိမှာ ဖြစ်ပါတယ်။
ဒါကြောင့် Account ကို Log In ဝင်ရန် Internet Explorer ကိုအသုံးပြုစေလိုပါတယ်။ Mozilla Firefox, Chrome တို့လည်း အသုံးပြုမရလို့ မဆိုလိုပါ။ အသုံးပြုနိုင်ပါတယ်။ သို့ပေမယ့် အကြောင့်အမျိုးမျိုးကြောင့်ဖုန်း Message box ပြန်ပေါ်လာမှာ စိုးလို့ ဖြစ်ပါတယ်။
ဒါလို Log In ဝင်ပြီးပြီဆိုပါဆို့။ သူက Password မေ့သူတို့ထုံးစံအတိုင်းပဲ Verification step တွေလာပါတယ်။ ဘာမှမပါပါဘူး။
သူငယ်ချင်း နာမည်ကို မှန်အောင် ရွေးခိုင်းတာမျိုးပဲ ဖြစ်ပါတယ်။ ဓာတ်ပုံနဲ့ လူအမည်နဲ့ တွဲပေးရတာ ဖြစ်တဲ့အတွက် သတိထားစေချင်ပါတယ်။
ဒီမှာ ၅ ခုလောက်တွဲခိုင်းပါတယ်။ မရတဲ့ဟာဆိုရင် ရဲရဲကြီး Skip လုပ်ပါ။ အမှားများရင်တော့ အကောင့်ကို ထပ်မံ Lock ချမှာ ဖြစ်ပါတယ်။ မရတာတွေကို Skip လုပ်လိုက်တဲ့အခါ မေးခွန်းမပြည့်ပြည့်အောင် မေးပေးတာ Facebook ရဲ့ တာဝန်ဖြစ်တဲ့အတွက် နောက်တစ်ခါ ထပ်မေးပါတယ်။
ဒီမှာလည်း မရတာ Skip လုပ်ပြီး သေချာမှာ Submit လုပ်စေချင်ပါတယ်။ အကယ်၍ လူရွေးခိုင်းတဲ့ Step ကို တစ်ခါရှုံးပြီး နောက်တစ်ခါ ထပ်ရှုံးရင်တော့ နောက်မှ ပြန်လာတော့လို့ စာတန်းပေါ်လာတတ်ပါတယ်။ သို့ပေမယ့် Log out လုပ်ပြီး နောက်တစ်ခါ Log In ဝင်၊ အထက်ပါ လူရွေးတဲ့ မေးခွန်းကိုပဲ ဆက်တိုက် ပြန်လည်ဖြေဆိုပေးခြင်း လုပ်နိုင်ပါတယ်။
သူငယ်ချင်းနည်းပြီး ရှိတဲ့သူငယ်ချင်းများရဲ့ ဓာတ်ပုံတွေ ကြည့်ရှုလေ့ရှိသူများအတွက် အိုကေပေမယ့် သူငယ်ချင်း ထောင်ချီရှိပြီး မမှတ်မိဘူးဆိုရင်တော့ ခက်ပါလိမ့်မယ်။ သို့ပေမယ့် စိုးရိမ်စရာမလိုပါ။ သူငယ်ချင်းများလေလေ Facebook က အခွင့်အရေးများများပေးလေ ဖြစ်ပါတယ်။
တစ်ခါဖြေမရ၊ နှစ်ခါ ဖြေမရရင် ထောင်ချီ Friend List ရှိသူများ ကို နောက်ထပ် ဖြေခွင့် ပေးတတ်ပါတယ်။
ဖြေပြီးလို့ အောင်မြင်ပြီဆိုရင်တော့ Account ပြန်လည် ရရှိပါပြီ။ ဒီမှာ အကောင့်ပြန်ရပြီ ဆိုပြီး အရင်ကလုပ်နေကျ အတိုင်း Like, Comment , Post, Link , Message စတာတွေကို ထင်တိုင်းမကျဲသင့် သေးပါဘူး။ သေချာတာကတော့ Friend Request ၄ ရက်ပိတ်ထားပါတယ်။ Message လည်းပို့ခွင့် မရပါဘူး။
အရင်က Activity တစ်ခုခုလုပ်တိုင်း Warning တွေတက်တက်လာတတ်ပါတယ်။
ဒီနေရာမှ တစ်ခုထပ်ဖြည့်စွက်ပြီးပြောချင်ပါတယ်..friend ဖြည့်တဲ့နည်းဟာ လွယ်တယ်ထင်ပေမဲ့ သိပ်လွယ်ကူတာတော့မဟုတ်ပါဘူး..သူမေးထားတဲ့ ပုံနဲ့ လူငါးယောက်ကို မှန်အောင် ဖြည့်ရပါတယ်…အချိန်အကြာကြီးယူဖြည့်လို့မရပါဘူး.
.အချိန်ကြာသွားရင် မှန်ပေမဲ့လဲ အကောင့် log ပွင့်မှာမဟုတ်ပါဘူး။
အားလုံး အဆင်ပြေကြပါစေ.....။
TechSpace Journal မှကူးယူတင်ပြခြင်းဖြစ်ပါတယ်....
Lock ကျနေသာ Facebook အကောင့် ပြန်ယူနည်း လတ်တလော Facebook ရဲ့ ပြောင်းလဲသွားသော ပေါ်လစီကြောင့် ကမ္ဘာတစ်လွှားက အကောင့်တွေ တော်တော်များများ ပိတ် (Lock) ကျသွားပါတယ်။ ပြန်မရတော့လောက်အောင်ကို စိတ်ညစ်စရာ ကောင်းပေမယ့် အကောင့်ကို အလွယ်တကူ ပြန်ရနိုင်ပါတယ်။ ဒါကြောင့် အကောင့်သစ်သုံးနေပြီး မူလအကောင့် ကိုပြန်လိုချင်သူ များ အောက်ပါ အတိုင်း လုပ်ဆောင်ရန်လိုအပ်ပါတယ်။ အကောင့် လော့ကျတဲ့အခါ ဖုန်းနံပါတ် တောင်းပါလိမ့်မယ်။ ဒါကိုတော့ ကာယကံရှင် လူတိုင်းကြုံတွေ့ပြီး ဖြစ်ပါတယ်။ ဖုန်းနံပါတ်ရမှ အကောင့်ပြန်ဖွင့်ပေးမယ်လို့ ပြောထားပြီး နီးစပ်ခင်မင်ရာ သူငယ်ချင်း ဖုန်းနံပါတ် ငှားလိုက်တာမျိုး မလုပ်သင့်ပါဘူး။ နိုင်ငံခြားရောက်နေတဲ့ အသိတစ်ယောက်ယောက်ရဲ့ ဖုန်းနံပါတ်ကို အသုံးပြုပြီး အကောင့် ပြန်ရတာမျိုးအနည်းငယ်ရှိပေမယ့် ဒါက ရေရှည်မကောင်းပါဘူး။ ဘာလို့လဲဆို Facebook ဟာ ယင်းဖုန်းနံပါတ်ကို မှတ်သားလိုက်ပြီဖြစ်ပြီး နောက်ထပ် ယခုလို Lock ကျတာမျိုးတို့ Hack ခံရတာမျိုးနဲ့ ကြုံတဲ့အခါ ယင်းဖုန်းနံပါတ်နဲ့ အမြဲပတ်သက်နေရတော့မှာ ဖြစ်ပါတယ်။ ဒါကလည်း အမြဲပြောင်းလဲနိုင်ပါတယ်။ဒါကြောင့် အကောင့်လော့ကျတဲ့အခါ အကောင့်ကို ဘာမှ မသုံးပဲ ၄၈ နာရီ (၂ ရက်တိတိ) ဒီတိုင်းထားပါ။ ၁ရက်ခွဲလည်း ရပေမယ့် Facebook က ၂ ရက်လို့သတ်မှတ်ထားတဲ့အတွက် သူသတ်မှတ်ထားတဲ့ Step အတိုင်းသွားတာ ကောင်းပါတယ်။ အဲလိုမဟုတ်ပဲ ၄၈ နာရီအတွင်းမှာ ထိုင်ကလိနေရင်တော့ သတ်မှတ်ရက်ထက် ပိုကြာသွားနိုင်ပါတယ်။ ၂ ရက် (၄၈ နာရီ) ပြည့်ပြီဆိုမှ အကောင့်ကို ယခင်ထုံးစံအတိုင်း Log In လုပ်ပါ။ ဒီမှာ Internet Explorer ကို အသုံးပြုဖို့ ပိုအကြံပေးချင်ပါတယ်။ Mozilla Firefox၊ Google Chrome, Safari အစရှိသဖြင့် အမျိုးမျိုး ခေတ်စားနေတဲ့ Browser များ ဟာ Security မြင့်မားပါတယ်။ Internet Explorer ကတော့ တားမြစ်ထားတာ သိပ်မရှိပါဘူး။ အချို့  ဝဘ်ဆိုဒ်များက Right click Disable လုပ်ထားတာတောင် Internet Explorer မှာ ရတတ်ပါတယ်။ ဘာပဲ Download ဆွဲဆွဲ Internet Explorer မှာ အတားအဆီး နည်းတယ်ဆိုတာ လက်တွေ့ သုံးဖူးသူတိုင်းသိမှာ ဖြစ်ပါတယ်။ ဒါကြောင့် Account ကို Log In ဝင်ရန် Internet Explorer ကိုအသုံးပြုစေလိုပါတယ်။ Mozilla Firefox, Chrome တို့လည်း အသုံးပြုမရလို့ မဆိုလိုပါ။ အသုံးပြုနိုင်ပါတယ်။ သို့ပေမယ့် အကြောင့်အမျိုးမျိုးကြောင့်ဖုန်း Message box ပြန်ပေါ်လာမှာ စိုးလို့ ဖြစ်ပါတယ်။ ဒါလို Log In ဝင်ပြီးပြီဆိုပါဆို့။ သူက Password မေ့သူတို့ထုံးစံအတိုင်းပဲ Verification step တွေလာပါတယ်။ ဘာမှမပါပါဘူး။ သူငယ်ချင်း နာမည်ကို မှန်အောင် ရွေးခိုင်းတာမျိုးပဲ ဖြစ်ပါတယ်။ ဓာတ်ပုံနဲ့ လူအမည်နဲ့ တွဲပေးရတာ ဖြစ်တဲ့အတွက် သတိထားစေချင်ပါတယ်။ ဒီမှာ ၅ ခုလောက်တွဲခိုင်းပါတယ်။ မရတဲ့ဟာဆိုရင် ရဲရဲကြီး Skip လုပ်ပါ။ အမှားများရင်တော့ အကောင့်ကို ထပ်မံ Lock ချမှာ ဖြစ်ပါတယ်။ မရတာတွေကို Skip လုပ်လိုက်တဲ့အခါ မေးခွန်းမပြည့်ပြည့်အောင် မေးပေးတာ Facebook ရဲ့ တာဝန်ဖြစ်တဲ့အတွက် နောက်တစ်ခါ ထပ်မေးပါတယ်။ ဒီမှာလည်း မရတာ Skip လုပ်ပြီး သေချာမှာ Submit လုပ်စေချင်ပါတယ်။ အကယ်၍ လူရွေးခိုင်းတဲ့ Step ကို တစ်ခါရှုံးပြီး နောက်တစ်ခါ ထပ်ရှုံးရင်တော့ နောက်မှ ပြန်လာတော့လို့ စာတန်းပေါ်လာတတ်ပါတယ်။ သို့ပေမယ့် Log out လုပ်ပြီး နောက်တစ်ခါ Log In ဝင်၊ အထက်ပါ လူရွေးတဲ့ မေးခွန်းကိုပဲ ဆက်တိုက် ပြန်လည်ဖြေဆိုပေးခြင်း လုပ်နိုင်ပါတယ်။ သူငယ်ချင်းနည်းပြီး ရှိတဲ့သူငယ်ချင်းများရဲ့ ဓာတ်ပုံတွေ ကြည့်ရှုလေ့ရှိသူများအတွက် အိုကေပေမယ့် သူငယ်ချင်း ထောင်ချီရှိပြီး မမှတ်မိဘူးဆိုရင်တော့ ခက်ပါလိမ့်မယ်။ သို့ပေမယ့် စိုးရိမ်စရာမလိုပါ။ သူငယ်ချင်းများလေလေ Facebook က အခွင့်အရေးများများပေးလေ ဖြစ်ပါတယ်။ တစ်ခါဖြေမရ၊ နှစ်ခါ ဖြေမရရင် ထောင်ချီ Friend List ရှိသူများ ကို နောက်ထပ် ဖြေခွင့် ပေးတတ်ပါတယ်။ ဖြေပြီးလို့ အောင်မြင်ပြီဆိုရင်တော့ Account ပြန်လည် ရရှိပါပြီ။ ဒီမှာ အကောင့်ပြန်ရပြီ ဆိုပြီး အရင်ကလုပ်နေကျ အတိုင်း Like, Comment , Post, Link , Message စတာတွေကို ထင်တိုင်းမကျဲသင့် သေးပါဘူး။ သေချာတာကတော့ Friend Request ၄ ရက်ပိတ်ထားပါတယ်။ Message လည်းပို့ခွင့် မရပါဘူး။ အရင်က Activity တစ်ခုခုလုပ်တိုင်း Warning တွေတက်တက်လာတတ်ပါတယ်။ ဒီနေရာမှ တစ်ခုထပ်ဖြည့်စွက်ပြီးပြောချင်ပါတယ်..friend ဖြည့်တဲ့နည်းဟာ လွယ်တယ်ထင်ပေမဲ့ သိပ်လွယ်ကူတာတော့မဟုတ်ပါဘူး..သူမေးထားတဲ့ ပုံနဲ့ လူငါးယောက်ကို မှန်အောင် ဖြည့်ရပါတယ်…အချိန်အကြာကြီးယူဖြည့်လို့မရပါဘူး. .အချိန်ကြာသွားရင် မှန်ပေမဲ့လဲ အကောင့် log ပွင့်မှာမဟုတ်ပါဘူး။ အားလုံး အဆင်ပြေကြပါစေ.....။ TechSpace Journal မှကူးယူတင်ပြခြင်းဖြစ်ပါတယ်....

Viber ကို PC ကနေ ခေါ်မယ်
အခုနောက်ပိုင်း ခေတ်စားနေတယ်နော် ။ ခေတ်နောက်ကျမကျန်ခဲ့လေအောင် သုံးကြစို့။ အဆင်ပြေတယ်ဗျာတကယ်။ ကျွန်တော် ဖေ့ဘွတ်မှာတွေ့လို့ ပြန်ရှယ်လိုက် ပါတယ်။ မြန်မာနိုင်ငံမှာလည်း သုံးလို့ရတယ်လို့ သူငယ်ချင်းကပြောပါတယ်။
... ဖုန်းမရှိလို့ PC ကနေပဲ viber သုံးချင်သူများအတွက်ပါ။အရင်ဆုံး Bluestacks ကိုဒေါင်းထားလိုက်ပါ။
Code:
Bluestacks Download
ပြီးရင်အောက်က link မှာ video tutorial နဲ့ အဆင့်လိုက်ဘယ်လိုလုပ်ရမယ်ဆိုတာ ပြောပြထားပါတယ်
Code:
How To Run Viber For PC
ကျွန်တော်အကြမ်းဖျဉ်းပြောပြသွားပါမယ်....
bluestacks ကို run ပြီးသွားရင် bluestacks ရဲ့ search box မှာ viber လို့ရိုက်ရှာလိုက်...အဲ့ဒါဆိုရင် viber ကိုတွေ့လိမ့်မယ်...ပြီးရင် viber ကို run လိုက်ပါ... ပြီးတာနဲ့ဖုန်းနံပါတ်တောင်းလိမ့်မယ်...အဲ့ဒီဖုန်းနံပါတ်ဆီကို message တစ်စောင် code နံပါတ်ပေးဖို့ရောက်လာလိမ့်မယ်... အဲ့ဒီ code ကို ထည့်ပေးလိုက်...ပြီးရင်တော့ ကိုယ်ကြိုက်တဲ့ ဖုန်းကို viber to viber ခေါ်ဆိုနိုင်ပါပြီ။
အေးချမ်းမွန်မှ Zaw Win တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
Saturday, 30 June 2012
facebook အသုံးပြုသူများ secure browsing အား အသုံးပြုသင့်
ယခုအချိန်တွင် အင်တာနက် အသုံးပြုတတ်သူ လူတိုင်းနီးပါးသည် wifi ပါ smart phone များ ကိုင်ဆောင်ကာ Internet WiFi အခမဲ့ ဝန်ဆောင်မှုပေးသော စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များတွင် စားရင်း သောက်ရင်း အင်တာနက် အသုံးပြုမှု များပြားလာကြသည်။ သို့သော်လည်း မိမိ အသုံးပြုနေသော WiFi network ထဲရှိ အခြား အသုံးပြုသူတစ်ယောက်က မိမိ၏ facebook ကို smart phone မှ တဆင့် ဖောက်ထွင်း၍ ရနိုင်ကြောင်းကို facebook အသုံးပြုသူ အတော်များများ မသိကြကြောင်းကို mobile phone ပညာရှင် တစ်ယောက်မှ CJMyanmar သို့ ပြောကြားသည်။
ယင်း ပညာရှင်မှပင် Android OS သုံး smart phone တွင် ထည့်သွင်းထားသော facebook ကို ဖောက်နိုင်သော App (software) ကို လက်တွေ့ စမ်းသပ်ပြရာတွင် http://www.facebook.com/ ဖြင့် အသုံးပြုနေသော သူများ၏ facebook account များကို မိနစ်ပိုင်း အတွင်း ဖောက်နိုင်ကြောင်း တွေ့ရှိရပါသည်။ https://www.facebook.com/ ဖြင့် အသုံးပြုသူများ၏ account ကိုမူ ဖောက်ထွင်းရန် ခက်ခဲသေးကြောင်း ယင်းပညာရှင်မှပင် ပြောကြားသည်။
ယင်းကဲ့သို့ WiFi network တစ်ခုတည်း အတွင်းမှ အခြားသူများ မိမိ၏ facebook account ခိုးယူ သုံးစွဲခြင်းမှ ကွင်းဝေးစေရန် facebook တွင် အောက်ပါ အချက်များ ပြင်ဆင်ထားသင့်သည်။
၁. facebook.com အပြာရောင် ဘားတန်း ညာဘက်ဆုံးရှိ အောက်ကို ပြနေသော မြှားကို နှိပ်ပြီး Account Settings ကိုရွေးပါ။
၂. Security ကို click လုပ်ပါ။
၃. Secure browsing ပေါ် click လုပ်ပါ။
၎. Browse Facebook on a secure connection (https) when possible အရှေ့တွင် ရှိသော လေးထောင့် အကွက်ထဲတွင် အမှန်ခြစ် ရှိအောင် လုပ်ပါ။ အမှန်ခြစ် ရှိပြီးသား ဖြစ်ပါက click ထပ်နှိပ်ရန် မလိုပါ။
၅. Save Changes ကို နှိပ်ပါ။
ယင်းသို့ setting များပြင်ပြီးပါက https://www.facebook.com/ ပေါ်နေသော address bar ထဲတွင် cursor ချပြီး https://www.facebook.com/ ဖြစ်သွားလား သေချာအောင် စစ်ဆေးပါ။ https://www.facebook.com/ မဖြစ်သေး http://www.facebook.com/ ဖြစ်နေပါက အပေါ် အဆင့် (၅) အတိုင်း ပြန်လည် လုပ်ဆောင်ပေးရန် လိုပါသည်။

Wednesday, 27 June 2012
အင်တာနက်ကို ဆိုင်မှာသုံးသူများ Cafezee အားလွယ်ကူစွာအချိန်ခိုးနည်း (မန်ဘာသွင်းထားခြင်းမ၇ှိသူများအတွက်)
1) အရင်ဆုံး C:\windows\system32 ထဲက client.pra နဲ့ client2.pra ဆိုတဲ့ file နှစ် file ကို copyကူးလိုက်ပါ...
(2) ပြီးရင်အဲဒီ File နှစ် file ကို msaccess (Microsoft Access)နဲ့ဖွင့်လိုက်ပါ ....တစ်ဖိုင်ချင်းကိုဖွင့်ပါ..
.
(3) Password လာတောင်းလိမ့်မယ်... vanarp117 လို့ရိုက်ထည့်လိုက်ပါ..
(4) ပွင့်သွားရင်...control ထဲကိုဝင်ပြီးတော့ Admin Password ကို ဖျက်လိုက်ပါ...သူက encrypt
လုပ်ထားတယ်...decrypt မလုပ်နဲ့...အချိန်တြွေကာတယ်...တစ်ဆိုင်န့တဲ စ်ဆိုင်လဲတူတာ မဟုတ်ဘူး...နှစ်ဖိုင်လုံးကိုလုပ်ပေးပါ...
(5) ပြီးရင် taskmgr (Windows Task Manager) ကိုဖွင့်ပြီး Explorer .exe ကို End Process လုပ်ပေးပါ...
(6) ပြီးရင် အဒဲီပြင်ထားတဲ့ ဖိုင်နှစ်ဖိုင်ကို copy ကူးပြီးတော့  သူ့ရဲ့မူရင်း folder ထဲကိုပြန်ထည့်ပေးပါ...
"အထဲမှာနာမည်တူဖိုင်ရှိနေပါတယ်..အဲဒီဖိုင်ပေါ်ကို
overwriteလုပ်မလား"လို့မေးလိမ့်မယ်...ဖိုင်နှစ်ဖိုင်ဖြစ်တဲ့အတွက် yes to allလုပ်ပေးလိုက်ပါ...ပြီးရင် Cafézee ကိုပြန် run ပေးပါ...
(7) သူ့ရဲ့ Admin Option ထကဲိုဝင်လိုက်ရင် passwordလာတောင်းလိမ့်မယ်..ကျွန်တော်တို့ password
ကိုဖျက်ထားခ့တဲ့ အဲ တက်ွဘာမှမရိုက်ပဲ OK လုပ်ပေးလိုက်ပါ...သူ့ရဲ့ Admin ထဲဝင်သွားပါပြီ...
Admin Option ထမှဲာ ခင်ဗျားရဲ့ ဘယ်ဘက်ထောင့်မှာ Adjustment ဆိုတာကိုclick
လုပ်ပေးလိုက်ပါ...အဲဒီထမှဲာ (သူ့ရဲ့ Label တော့မေ့သွားပြီ) Text Box2 ခုရှိတယ်...အောက်က Text Box ကcomment ..အပေါ်က Text Box မှာခင်ဗျားလျှော့ချင်တာကိုလျှော့ပါ..
(ပိုက်ဆံန့သဲုံးတာဆိုရင် ပိုက်ဆံကိုလျှော့ပါ...1000 ရှိပြီဆိုရင် 1000 ထိပဲရမယ်နော်..Negative
လက်မခံပါဘူး....)(Member ဆိုရင်တော့ သုံးထားတဲ့ နာရီထက်ပိုပြီးလျှော့လို့မရပါဘူး..13း0 သုံးထားတယ်ဆိုရင်မိနစ်ကိုးဆယ်ထက်ပိုပြီးလျှော့လို့မရပါဘူး)
ကိုယ်လျှော့ချင်တာလျှော့ပြီးရင်တော့ ညာဘက်ထောင့်ဆုံးမှာ close session ကို click လုပ်ပေးလိုက်ပါ...(လျှော့ပြီးတော့ continue ကို click လုပ်မယ်ဆိုရင် ဘာမှမထူးဘူးနော်)

Saturday, 26 May 2012
Add to Animated to FireFox
Add to Animated to FireFox
https://addons.mozilla.org/en-US/firefox/addon/animated-matrix/
https://addons.mozilla.org/en-US/firefox/addon/animated-matrix/
website copier
website copier လေးက ဘာတွက် အသုံးဝင်လဲဆိုရင် ကျနော်တို့ အိမ်က စက်တွေဖြစ်ဖြစ် ရုံးကစက်တွေမှာပဲ
ဖြစ်ဖြစ် နက်မရှိပဲ ကိုယ်ကြည့်ချင်တဲ့ website လေးကို အွန်လိုင်းပေါ်မှာကြည့်နေသလိုကြည့်လို့ရအောင်လုပ်
ပေးတာပါ.ဒီတွက် ကျနော်တို့ ဒီ HTTrack Website copier ဆိုတာလေးကို ကို့စက် OS အမျိုးအစားလိုက်
ဒေါင်းလုပ် လုပ်ပေးရပါမယ်.
Download ကိုအောက်က လင့်လေးမှာ ရွေးချယ်ပြီးဒေါင်းပေးပါ
http://www.httrack.com/page/2/en/index.html
ဒေါင်းတာပြီးသွားပြီးဆိုရင် ဆော့ဝဲလေးကို အင်စတောလုပ်ပါမယ် ပြီးရင် သူက project name ပြီးတော့ ကိုယ်
save ထားချင်တဲ့နေရာ တောင်းပါလေ့မယ်.ပြီးကျရင်တော့ ကိုယ် ဒေါင်းချင်တဲ့ website URL လေးကိုထည့်ပြီး
ဒေါင်းပေးလိုက်ယုံပါပဲ.ဒေါင်းတာ ကြာမြင့်ချိန်ကတော့ ကိုယ် ADD လုပ်တဲ့ URL ရဲ့ ဆိုဒ်ပေါ်မှာ မူတည်ပါတယ်
ကျနော် အစမ်းပြပေးထားတဲ့ ဆိုဒ်ဆိုရင် ၁ဂစ်ခွဲလောက်ရှိပါတယ် ဒါပေမယ် ကျနော် နက်မရှိလဲ အဲ့ဆိုဒ်လေးကို
ကြိုက်တဲ့ချိန်ဖတ်ရှု့လို့ရပါတယ်.ဒေါင်းတာလောက်ပဲ ခက်ခဲပါလေ့မယ် ဒီလောက်ဆို အသုံးဝင်ပုံလေးနာလည်
လေ့မယ် ထင်ပါတယ် လုပ်ဆောင်ပုံကတော့ ကျနော် အောက်မှာ CAPTURE လုပ်ထားတာလေးကိုကြည့်လိုက်
ရင် နားလည်ကျမှာပါ.တကယ်လို့ အဆင်မပြေဘူးဆိုရင် ကျနော့် တွက် Command ဖြစ်ဖြစ် ကျနော့် သုံးနေတဲ့
gmail ကဖြစ်ဖြစ် မေးမြန်းနိုင်ပါတယ်.
အားလုံးကျေးဇူးတင်ပါတယ်.

Autoproxy (Proxy အတွက်စိတ်မပှုနဲ့)
proxy က port ကလဲ ရွေးသေး proxy တိုင်းလဲမရ
တော့ အမြဲတမ်းတော့ မရှာနိုင်တာနဲ့ စဉ်းစားမိတော့မှ Firefox addon ကနေပြီးတော့ autoproxy လို့ရှာလိုက်
တယ် ဒါနဲ့ ပထမဦးဆုံးထွတ်လာတဲ့ Autoproxy ကို အသုံးပြုတာ ဒီနေ့အထိဘဲ ဘာမှကို proxy အတွက်
စိတ်ပှုစရာမလိုဘဲ သူ့ဟာသူအလိုလျှောက် လဲပေးသွားတော့ အရမ်းကိုအဆင်ပြေတာပေါ့။...
ဆိုတော့ မြန်မာပြည်တွင်းက မိတ်ဆွေတွေလဲ Proxy အတွက်ကြောင့်နဲ စိတ်ညစ်နေရင်
Firefox ကနေ Tools-addons မှာသွားပြီး Autoproxy ကိုရှာပြီး add to firefox ကိုနှိပ်ပါ။
ဒါမှမဟုတ်
https://addons.mozilla.org/en-US/firefox/addon/autoproxy/?src=search ကနေသွားပြီး
add to firefox ကိုနှိပ်လိုက်ပါပြီးတော့ firefox ကို ပိတ်ပြီးပြန်ဖွင့်လိုက်ပါ။
ဒါဆိုရင်တော့ အရင်တုန်းက သွားလို့မရတဲ့ ပိတ်ထားတဲ့ဆိုဒ်တွေအကုန်ပွင့်သွားပါမယ်လို့
မျှော်လင့်ပါတယ်.
အဆင်မပြေခဲ့သော် comment ထားခဲ့ပါ။

Saturday, 12 May 2012
Office 2007 အတွက် Product Key မလို Installer CD ပြုလုပ်ခြင်း။
Microsoft Office 2007 ကို install တင်သောအခါတွင် ပြုလုပ်ရလေ့ရှိသည်မှာ ခွေထည့်လိုက်သည့်အခါတွင် setup wizard မှ Serial No. ထည့်သွင်းရန်အတွက် အကွက်ပေါ်လာပါသည်။ ထိုအခါတွင် ခွေအတွင်းမှ text file ကိုဖွင့်ပြီး နံပါတ်ကို copy ကူးယူပြီး ဖြည့်ခြင်းများဖြင့် အဆင့်ဆင့်ပြုလုပ်ပေးရပါသည်။ ထို့ကြောင့် ယခုနည်းမှာ Office 2007 တင်သောအခါတွင် အဆိုပါ key များကိုထည့်သွင်းပေးရန်မလိုအပ်ပဲ၊ အချိန်ကုန်သက်သာစေမည့် installer ခွေလေး ဖြစ်သွားအောင် ပြုလုပ်ကြည့်ကြရအောင်။
(၁) ပထမဦးစွာ Microsoft Office 2007 CD ခွေကို သင့်စက်တွင်ထည့်၍ ခွေအတွင်းတွင် ပါဝင်သည့် file များ အားလုံးကို Folder လေးတစ်ခု တည်ဆောက်ထားပြီး ကူးယူထားလိုက်ပါ။
(၂) ယင်းသို့ ကူးယူပြီးနောက် ရရှိလာသော Folder ပေါ်တွင် Right Click တစ်ချက်နှိပ်၍ Properties ကို ရွေးချယ် ပေးပြီး၊ ၎င်းအတွင်းမှ Read-Only အမှန်ခြစ်ကို ဖြုတ်ပေးလိုက်ပါမယ်။
(၃) ဆက်လက်၍ ကူးယူထားသော Folder အတွင်းမှ Enterprise.WW ဆိုတဲ့ Folder အတွင်းမှာ config.xml ဆိုတဲ့ file လေးကို Notepad ဖြင့် ဖွင့်စေ၍ အထက်ပါပုံစံတွင် ၀ိုင်းပြထားသည့်အတိုင်း အ၀ိုင်းအတွင်းမှ စာများကို ဖျက်လိုက်ပါ။ PIDKEY value နေရာတွင်တော့ ခွေတွင် ပါဝင်သော product key ကို copy ကူးယူ၍ ဖြည့်ပေးလိုက်ပါ။ ထို့နောက် file ကို save လုပ်ပေး၍ Nero burning ဖြင့် ပြင်ဆင်လိုက်သည့် folder အတွင်းမှ file များအားလုံးကို ကူးယူလိုက်ပါ။ ဒါဆိုရင် ရရှိလာသည့် Office 2007 cd အချပ်လေးဟာ cd key ထည့်သွင်း ပေးရန် မလိုအပ်တော့သည့် Office 2007 Installer အချပ်လေးတစ်ချပ်ကို ပိုင်ဆိုင်သွားပြီပေါ့။ အကယ်၍ များများပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ များများသာကူးပေတော့ဗျို့။ အားလုံး အဆင်ပြေကြပါစေဗျား။
Windows OS လုပ်ငန်းစဉ်များ
ကွန်ပျူတာ Power Button ကို စတင်ဖွင့်လိုက်သည်နှင့် အမာထည်လျှပ်စစ်စီးပြားများတွင် လျှပ်စစ်စတင်စီးဆင်း ပြီး Windows OS လည်ပတ်နိုင်လောက်သော ပစ္စည်းများ ပြည့်စုံရဲ့လား၊ ကောင်းမွန်စွာ လည်ပတ်နေရဲ့လားဆိုတာ စတင်စစ်ဆေးပါတယ်။ ၎င်းကို Boot Starting လုပ်တယ်လို့ ဆိုတယ်။
တပ်ဆင်ထားသည့် Hardware ပိုင်းဆိုင်ရာများဖြစ်တဲ့ Processor (CPU), Memory, Graphic Display, Hard disk အစ တပ်ဆင်ထားသမျှတို့ကို ကောင်းမွန်ကြောင်း အတည်ပြုချက် ရယူသည်ကို Power On Self Test (POST) လို့ ခေါ်ကြပါတယ်။
ပြီးလျှင် Windows OS ၏ စတင်ခြင်းအတွက် OS Boot ကို ရှာဖွေပါတယ်။ Hard disk မှာရှိလျှင် တန်းတက် သွားပြီး၊ Hard disk ပျက်နေလို့၊ ဒါမှမဟုတ် OS Boot မရှိလျှင် OS Boot Disk တစ်ခုခုပေးဖို့ တောင်းဆိုလာပါ လိမ့်မယ်။
ကွန်ပျူတာကို စတင်ဖွင့်လိုက်သည်နှင့် Windows OS စတင်ရန်အတွက် Boot File တွေ လိုအပ်ပါတယ်။ Windows OS အတွက် အရေးပါဆုံး System File တွေကတော့-
IO.SYS
CONFIG.SYS
MSDOS.SYS
AUTOEXE.BAT
NTDETECT.COM
တို့ ဖြစ်ပါတယ်။ ဒီထက်ပို သိသင့်တဲ့ Essential Startup Process File တွေကိုလည်း လေ့လာထားသင့်ပါ တယ်။ ၎င်းကို Boot or Root Directory လို့လည်း ခေါ်ဆိုနိုင်ပါတယ်။ Essential Startup Process File အချို့ကို အောက်ပါအတိုင်း ဖော်ပြထားပါတယ်။
Ntldr
Windows စတင်မှုအတွက် Boot.ini File ကို ဖတ်ပါတယ်။ Windows စတင်ရန် မရှိမဖြစ် Ntoskrnl.exe, Bootvid.dll, Hal.dll တွေကို ရှာဖွေ မောင်းနှင်ပါတယ်။ ၎င်းတို့နှင့်အတူတကွ Device Driver တွေကိုလည်း ရှာဖွေ မောင်းနှင်ရပါတယ်။
Boot.ini
Windows စတင်မှုအတွက် Install Control File ဖြစ်ပါတယ်။
Ntdetect.com
Ntldr စတင်မှုတါင် ပါဝင်လုပ်ဆောင်ပါတယ်။ တပ်ဆင်ထားတဲ့ Basic Device တွေကို Executes and loading တွေကို တာဝန်ယူပါတယ်။
Pagefile.sys
Memory, Physical RAM တွေကို စစ်ဆေးအတည်ပြုပေးပါတယ်။ Windows OS လိုအပ်သော Memory ပမာဏနှင့် Application လုပ်ဆောင်မှုများကို ထိန်းချုပ်ရန်အတွက် ဖြစ်ပါတယ်။
Ntbootdd.sys
Ntldr စတင်မှုတွင် ပါဝင်လုပ်ဆောင်ပါတယ်။ Boot-Code တွေကို disk တွေပေါ်မှာ ထိန်းချုပ်စီစဉ် ပေးပါတယ်။ Boot System နဲ့ System Drives တွေကို သဟဇာတဖြစ်အောင် စီမံပေးသူလည်း ဖြစ်ပါတယ်။
အထက်ပါ Essential Startup Process File တွေကို Hacker တွေ၊ Virus ရေးသူတွေဟာ မျက်စိကျကြပါ တယ်။ စနစ်တစ်ခုလုံး၏ အသက်သွေးကြောတွေ ဖြစ်နေလို့ပါ။
From Knowledge is Free
Wednesday, 9 May 2012
Windows 7 password ကို software မသုံးပဲ crack ပုံ
မှမလိုပါဘူး။windows 7 password ကိုလွယ်ကူစွာ crack လုပ်လို့ရပါတယ်။
မည်သည့်softwareမှမလိုပါ။
windows 7installation DVD or System Repair disc တစ်ချပ်သာလိုhttp://www.blogger.com/blogger.g?blogID=5475482798150604108#editor/target=post;postID=2411889047780590992အပ်ပါတယ်။
လေ့လာရန်အတွက်သာဖြစ်ပါတယ်ခင်ဗျ။ လွယ်လွယ်လေးပါ။ကဲ စ crack ကြရအောင်။
။ account name ကို aung လို့သာသတ်မှတ်ပြီးရေးပြသွားမှာပါ။
example,aung ဆိုတဲ့လူကသူရဲ့ password မေ့နေတယ်ဆိုပါစို့။
အရင်ဆုံး windows 7 DVD (or) System Repair disc
ကို CD-Drive ထဲသို့ထည့်ပါ။ CMOS ရဲ့ fast-Boot device မှာ CD-Rom ကိုရွေးပေးပြီး
windows 7 CD နဲ့ boot တက်ပါ။ install windows ဆိုတဲ့Box ပေါ်လာပါမယ် ။ Next ကိုနှိပ်ပါ။
Command promptကိုနှိပ်ပါ။
cmd windowsတက်လာပါပြီ။ cmd ထဲမှာ x:\Sources > လို့ပေါ်နေပါလိမ့်မယ်။
copy c:\windows\system32\sethc.exe c:\ လို့ရိုက်ပါ။Enter နှိပ်ပါ။
copy c:\windows\system32\cmd.exe c:\windows\system32\sethc.exe
လို့ရိုက်ပြီးEnterနှိပ်ပါ။
Overwrite လုပ်ခိုင်းပါလိမ့်မယ်။ (Yes/No/All) လို့မေးပါလိမ့်မယ်။
Yes လို့ရိုက်ပြီးEnter နှိပ်ပါ။ ဒါဆိုရပါပီ။
normal boot နဲ့ပြန်ဝင်ပါ။ (CD boot မဟုတ်ပါ)။ Account nameနဲ့ password
ရိုက်တဲ့နေရာ ဒီမှာတော့ aung ပေါ့ဗျာ။အဲ့ဒီ့နေရာရောက်ရင် Shift key ကို(5)ချက်ဆက်တိုက်နှိပ်ပါ။
Administrator mode command promt ပေါ်လာပါလိမ့်မယ်။ပေါ်လာရင်
net user aung *
လို့ရိုက်ပြီးEnter ၂ ချက်နှိပ်ပါ။(aung က user name ပါ။မေ့နေတဲ့ username ကိုရိုက်ရမှာပါ။)
ဒါဆို windows 7 password ကို crack လုပ်ပြီးပါပြီ။အဆင်မပြေတာရှိရင်ပြန်ပြောပါခင်ဗျ။
လို့ရိုက်ပြီးEnter ၂ ချက်နှိပ်ပါ။(aung က user name ပါ။မေ့နေတဲ့ username ကိုရိုက်ရမှာပါ။)
From MMITD
Saturday, 7 April 2012
Wednesday, 7 March 2012
92. သင့်ရဲ့ USB drive, Memory stick, Thumb drive, MP3/MP4 player ထဲမှဖိုင်များကို လုံခြုံစိတ်ချစွာ တခြားမဆိုင်သူ မဖတ်စေချင်ရင်.....
မိတ်ဆွေတို့ရဲ့ ဖိုင်တွေကို ဝှက်စာ အဖြစ် ပြောင်းပေးနိုင်တဲ့ အသုံးဝင် ပရိုဂရမ်တခုပါ။ မိတ်ဆွေတို့ရဲ့ USB drive, Memory stick, Thumb drive, MP3/MP4 player ထဲမှာ ဒီပရိုဂရမ်လေးကို ထည့်ထား လို့ရပြီး ဘယ် အင်တာနက်ကဖေးမှာ ဖြစ်ဖြစ် သုံးလို့ရပါတယ်။ ကိုယ့်ရဲ့ USB drive, Memory stick, Thumb drive, MP3/MP4 player ထဲမှာ နိုင်ငံရေးနဲ့ ပတ်သက်တာ၊ ကိုယ်ရေးကိုယ်တာ ကိစ္စ၊ နှလုံးသားရေးရာ၊ ငွေကြေးကိစ္စ၊ တခြားလူ အသိမခံနိုင်တဲ့ ဘာမဆို သိမ်းထားချင်တယ်ဆိုရင် ဒီပရိုဂရမ်လေးကို သုံးစွဲခြင်းဖြင့် လုံခြုံစိတ်ချစွာ လျှို့ဝှက်ထားနိုင်တဲ့ စွမ်းရည်ရှိပါတယ်။ ကဲ အသုံးပြုပုံလေး နဲနဲ ပြောကြရအောင်။ ဒီပရိုဂရမ်လေးကို သုံးဖို့ အခု ဒီ post ရဲ့အောက်မှာပါတဲ့ Attachment ကို Download ဆွဲလိုက်ပါ..။ ဒါမှမဟုတ် http://portableapps.com/apps/ connection အပေါ်မူတည် ပြီး သင့်တော်တဲ့ နေရာ ကနေ download လုပ်ပါ။ download လုပ်ပြီးရင် သင့်ရဲ့ USB drive, Memory stick, Thumb drive, MP3/MP4 player ထဲမှာ install လုပ်ရပါမယ်။ install လုပ်ပြီးရင် ဘယ်ကွန်ပျူတာမှာမဆို တပ်ပြီးသုံးလို့ ရပါပြီ။ USB drive, Memory stick, Thumb drive, MP3/MP4 player ကို My Computer နေ ဖွင့်ပါ။ Toucan ပရိုဂရမ်ကို ရှာပြီး ဖွင့်ပါ။ ပြီးရင် အပေါ်က Tools Bar မှာ ၃ ခုမြောက် Scure ကိုရွေးပါ..။ ဘယ်ဘက် ဘောက်စ်ထဲမှာ အခုကွန်ပျူတာ မှာရှိတဲ့ disk drive တွေကိုပြ နေပါလိမ့်မယ်။ ကိုယ်လိုချင်တဲ့ ဖိုင်ရှိရာကို ရောက်တဲ့အထိ double click ပြီးဖွင့်ပါ။ တွေ့ပြီဆိုရင် ဘောက်စ် နှစ်ခုကြားမှာရှိတဲ့ + သင်္ကေတကို နှိပ်လိုက်တာနဲ့ အဲဒီဖိုင်ဟာ ညာဘက်မှာရှိတဲ့ ဘောက်စ်ထဲကိုရောက်သွားမှာပါ။ တဖိုင်ချင်းသာမက ဖိုဒါတခုလုံးကိုပါ ဝှက်စာ လုပ်လို့ရပါတယ်၊ ဝှက်စာကနေ ပြန်ဖော်လို့ရပါတယ်။ ဖိုင်တွေကိုရွေးပြီးရင် function ဆိုတဲ့ဘောက်စ်ထဲမှာ ဝှက်စာ အဖြစ်ပြောင်းမယ်ဆို Encrypt ရွေးပြီး ဝှက်စာ ကနေပြန်ဖော်မယ်ဆို Decrypt ကိုရွေးပါ။ ပြီးရင် အိုကေ ကိုနှိပ်လိုက်ရင် Please enter your password ဆိုပြီး ဘောက်စ်တခုပေါ်လာပါလိမ့်မယ်။ password ကို ရှည်နိုင်သမျှရှည်ရှည် ပေးတာပိုကောင်းပါတယ်။ ကိုယ့် password ကိုလည်း ကိုယ်ပြန်မှတ်မိပါစေ။ ပြီးတာနဲ့ အိုကေ ကို နှိပ်လိုက်ရင် မူရင်းဖိုင်ပျောက်သွားပြီး ဝှက်စာ ဖြစ်သွားတဲ့ ဖိုင်ကိုရပါလိမ့်မယ် (ပြောင်းပြန် အနေနဲ့ ဆိုရင် ဝှက်စာဖိုင် ပျောက်သွားပြီး မူရင်းဖိုင် ပြန်ရမှာပါ)။ ဝှက်စာဖိုင်ဖြစ်သွားပြီးနောက် ဘယ်အင်တာနက် ကဖေးမဆို USB drive, Memory stick, Thumb drive, MP3/MP4 player ကို သယ်သွားလို့ရပါပြီ။ တဖက်သူဆီကို ပို့ရင်လဲ စိတ်ချလက်ချ ပို့လို့ရပါပြီ။ ကိုယ့်ရဲ့ဝှက်စာ လုပ်တဲ့ password ကိုလက်ခံရရှိသူကသိရင်ပြီးတာပါပဲ။ |
Wednesday, 22 February 2012
Shut down Timer
ကျွန်တော်တို့ တစ်တွေဟာ computer ကို အချိန်နဲ့ shutdown ချုဖို့အတွက် အပြင်က application တွေကို သုံးကြပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ computer မှာလဲ အချိန်နဲ့ shutdown လုပ်လို့ရပါတယ်။
၁။ Start –> RUN.
၂။ အောက်က code ကို ရိုက်ပါ။
၂။ အောက်က code ကို ရိုက်ပါ။
at 11:35(လိုချင်တဲ့အချိန်ကို ထည့်ရမှာပါ) shutdown -s
အဲဒါဆိုရင်ပေးထားတဲ့ အချိန်ကြရင် သင့်ရဲ့ computer ဟာ အလိုအလျောက် shutdown ကျသွားပါလိမ့်မယ်။
ပြန်ပိတ်နည်း
၁:Start –> RUN.
၂: အောက်က code ကို ရိုက်ပါ။
shutdown -a
၂: အောက်က code ကို ရိုက်ပါ။
shutdown -a
Tuesday, 21 February 2012
Mediafire မှာ လိုချင်တဲ့ ဖိုင်များ ရှာခြင်း
Mediafire မှာ လိုချင်တဲ့ ဖိုင်များ ရှာခြင်း
သီချင်းတွေ ဇတ်လမ်းတွေကို အင်တာနက်ကနေ ဒေါင်းတဲ့အခါမှာ fileserve,filesonic,rapid စသဖြင့်ရှိကြတဲ့အထဲမှာ Mediafire ကနေဒေါင်းရတာ အဆင်အပြေဆုံးဆိုတာ သိကြမှာပါ။ အဲဒီတော့ mediafire မှာက သူ့ပေါ်မှာ တင်ထားတဲ့ file တွေကို ရှာတာမပါပါဘူး။
ဒါကြောင့် ကျွန်တော်တို့က သူ့အပေါ်မှာ ရှိတာတွေကို ရှာဖို့ နည်းသုံးရပါတော့တယ်။
ဒါကြောင့် ကျွန်တော်တို့က သူ့အပေါ်မှာ ရှိတာတွေကို ရှာဖို့ နည်းသုံးရပါတော့တယ်။
နည်းနှစ်မျိုးရှိပါတယ်
ပထမနည်း
အပေါ်ကလင့်တွေကို သွားပါ
အဲဒီကနေ လိုချင်တဲ့ စာလုံးကို ရိုက်ပြီး ရှာနိုင်ပါတယ်။
ဒုတိယနည်း
http://www.google.com/ ကိုသွားပြီး search box ထဲမှာ site:mediafire.com ကိုရိုက်ပြီး space လေးခြားပြီး ရှာချင်တဲ့ နာမည်ကို ရိုက်ထည့်ရပါတယ်။ ထပ်ပြီး format အတိအကျလိုချင်ရင် လိုချင်တဲ့ format ကို ပါ ရိုက်ထည့်ရပါတယ်။
ဥပမာ site:mediafire.com i love u mp3
site:mediafire.com brief time of history epub
site:mediafire.com andriod market zip
site:mediafire.com transformer avi
site:mediafire.com brief time of history epub
site:mediafire.com andriod market zip
site:mediafire.com transformer avi
အဲဒီမှာ ကျလာမယ့်လင့်တွေထဲမှာ အဆင်ပြေတဲ့ဟာကို သွားလိုက်ရင် ကိုလိုချင်တဲ့ mediafire ကိုရောက်သွားပါလိမ့်မယ်။
from http://tyrino.wordpress.com/2011/11/04/mediafire-%E1%80%99%E1%80%BD%E1%80%AC-%E1%80%9C%E1%80%AD%E1%80%AF%E1%80%81%E1%80%BA%E1%80%84%E1%80%B9%E1%80%90%E1%80%B2%E1%80%B7-%E1%80%96%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%99%E1%80%BA/

Subscribe to:
Posts (Atom)