Monday 20 June 2011

Hacker အကြောင်းသိကောင်းစရာ

၁။ (က) Hacker ဆိုသည်မှာ

Hacker ဆိုသည်မှာ Computer System များ၊ Electronic နည်းပညာရပ်များကို ကျွမ်းကျင် တတ်မြောက်ပြီး၊ ထိုနည်းပညာရပ်များကို အသုံးချကာ Computer Security နှင့်သက်ဆိုင်သော Program များ၊ Application များကို ရေးသားသူသာ ဖြစ်သည်ဟူ၍ Hacker Community မှ ယူဆထားပြီး၊ နည်းပညာရပ်များကို မသမာသော ရည်ရွယ်ချက်များဖြင့် အသုံးချလေ့ရှိသူများကိုမူ Cracker ဟူ၍သာ သတ်မှတ်လေ့ရှိသည်။

အကြမ်းအားဖြင့်မူ White Hat Black Hat နှင့် Grey Hat ဟု ခွဲခြားနိုင်သည်။ ထို White Hat Black Hat စသော အသုံးအနှုံးများမှာလည်း ရုပ်ရှင်ဇာတ်ကားများတွင် ဦးထုပ်အနက်ဆောင်းသောသူသည် ဇာတ်လိုက် (လူကောင်း)၊ ဦးထုပ်အနက်ဆောင်းသောသူသည် လူကြမ်း (လူမိုက်) စသည်ကို အကြောင်းပြု၍ကင်ပွန်းတပ်ကြခြင်းသာ ဖြစ်သည်။

White Hat

White Hat များသည် ၄င်းတို့၏ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများကို မသမာသည့်လုပ်ရပ်များတွင် အသုံးချခြင်း မရှိဘဲ Black Hat များ၏ နှောက်ယှက်ခြင်း ခံရသောသူများအား ကာကွယ် စောင့်ရှောက်လေ့ရှိသူများဟုဆိုနိုင်သည်။

Black Hat


Black Hat များမှာမူ ၄င်းတို့၏ ကျွမ်းကျင်မှုများကို မသမာသော လုပ်ရပ်များဖြစ်သည့် Credit Card Information များ ၊ Bank Information များခိုးယူခြင်း၊ သူတပါး၏ Website များကို ၀င်ရောက် စီးနင်းသိမ်းပိုက်ခြင်း၊ အခကြေးငွေ ရယူပြီး သူတပါး၏ ကိုယ်ရေးကိုယ်တာမှတ်တမ်းများ၊ သတင်းအချက်အလက်များကို ခိုးယူပေးခြင်း စသည့်လုပ်ရပ် များကို လုပ်ဆောင်လေ့ရှိသူများ ဟု အကြမ်းအားဖြင့် သတ်မှတ်နိုင်သည်။

Grey Hat

Grey Hat များမှာမူ White Hat အဖြစ် သော်လည်းကောင်း၊ Black Hat အဖြစ်သော်လည်းကောင်း ရပ်တည်ခြင်းမရှိဘဲ ၄င်းတို့ တတ်ကျွမ်းထားသည့် နည်းပညာကို အလျဉ်းသင့်သလို အသုံးချသူများ ဟူ၍ ဆိုနိုင်သည်။

*********************************************************************
၁။ (ခ) Hacker အဆင့်အတန်းများ

Script Kiddies

Hacker ဖြစ်လိုသော လူငယ်များဖြစ်ပြီး၊ Hacking နှင့် စပ်လျဉ်းသည့် နည်းပညာများကို လေ့လာ သင်ယူခြင်းမရှိဘဲ၊ အခြား Hacker များ ဖန်တီးထားသည့် Tool များကို ရယူအသုံးချလေ့ရှိသူများ ဖြစ်သည်။ Hacking Tool များကို ကျွမ်းကျင်စွာ အသုံးချတတ်သော်လည်း ထို Tool များ မည်သို့ လုပ်ဆောင်သည်ကို မသိရှိ၊ မလေ့လာဘဲ အသုံးချသူများသာဖြစ်သည်။

Intermediate Hacker

Computers Networks Programming နှင့်သက်ဆိုင်သော နည်းပညာရပ်များကို တတ်မြောက် သော်လည်း ၄င်းနည်းပညာရပ်များကို လက်တွေ့ အသုံးချခြင်းမရှိဘဲ အခြားသူများရေးသားထားသည့် Exploits ( Software များ၏ လုံခြုံရေးဆိုင်ရာအားနည်းချက်များကို အသုံးချထိုးနှက်ပြီး Computer System ကို ထိန်းချုပ်ရန် ရည်ရွယ်ချက်ဖြင့် ရေးသားထားသော Code ) များကို အသုံးချပြီး တိုက်ခိုက်မှုများကို လုပ်ဆောင်သူများဖြစ်သည်။

Elite Hacker

နည်းပညာကြွယ်ဝသော Hacker များဖြစ်ပြီး၊ Hacking Tool များ Exploit များကို ကိုယ်တိုင် ရေးသားပြီး အသုံးပြုသူများဖြစ်သည်။ Computer System များအတွင်းသို့ မည်သည့် သဲလွန်စမျှ မကျန်စေဘဲ ၀င်ရောက်နိုင်စွမ်းရှိသူများဖြစ်သည်။
****************************************************************************
၁။ (ဂ) Hacker တစ်ဦးဖြစ်လာရန်

လေ့လာသင်ယူလိုမှုနှင့် တီထွင်ဖန်တီးနိုင်မှုသည် Hacker တစ်ဦးဖြစ်လာရန် အတွက် အခြေခံ အကျဆုံးနှင့် အဓိက အကျဆုံးသော လိုအပ်ချက်များပင်ဖြစ်သည်။
**************************************************
၂။ Password အကြောင်းသိကောင်းစရာ

Computer System များနှင့် Web Based System များ၊ Website များသည် လုံခြုံရေးနှင့် ပုဂ္ဂလိကမှတ်တမ်း များကို ကာကွယ်ရန်အတွက် Password ကို အသုံးပြုလေ့ရှိသည်။ သို့သော်လည်း Hacker များသည် ယင်း Password ဖြင့် ကာကွယ်မှုများကို ကျော်လွှားပြီး မသမာသော လုပ်ရပ်များလုပ်ဆောင်ခြင်း၊ ကျူးကျော်ခြင်းစသည့် လုပ်ရပ်များကို လုပ်ဆောင့်လေ့ရှိကြသည်။ အချို့သော Hacker များသည် Bank Information ဆိုင်ရာ အချက် အလက် များကို ခိုးယူခြင်း၊ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ခိုးယူပြီး ခြိမ်းခြောက်ခြင်းစသည့်လုပ်ရပ်များကို လုပ်ဆောင်ရန်အတွက် E Mail Password၊ Computer Password စသည်တို့ကို ပစ်မှတ်ထားကာခိုးယူလေ့ရှိသည်။

ဖော်ပြမည့် Password ဆိုင်ရာ အချက်အလက်များအား Password နှင့်ဆိုင်သော ခြိမ်းခြောက်မှုရန်မှ ကာကွယ်နိုင်စေရန်အတွက်သာ ဖော်ပြထားခြင်း ဖြစ်ပြီး၊ အခြားသောသူများ၏ ကိုယ်ရေးကိုယ်တာ လွတ်လပ်မှုကို ကျူးကျော်ခြိမ်းခြောက်ရန်အတွက် အသုံးမပြူစေလိုပါ။

Password ဖြင့် ကာကွယ်မှုများကို ကျော်လွှားခြင်း

Social Engineering

အခြားသောသူများ၏ Password ကိုရယူရန်အတွက် နည်းလမ်းများစွာရှိသည့်အနက်မှ Social Engineering သည် အဟောင်းနွမ်းဆုံး၊ အရိုးစင်းဆုံးဖြစ်သော်လည်း အသုံးဝင်ဆုံးဖြစ်သည်။ Social Engineering Attack သည် ယုံကြည်မှု၊ သတိကင်းမဲ့မှု၊ လျစ်လျူရှုမှုများစသည့် အားနည်းချက်များကို အသုံးချကာတိုက်ခိုက်ထိုးနှက်ခြင်း ပင် ဖြစ်သည်။

မကြာသေးမီကပင် Twitter Website သည် Social Engineering ကို အသုံးပြု၍ တိုက်ခိုက်ကျူးကျော်ခြင်းကိုခံခဲ့ရသည်။ ထို့ပြင် ထိပ်တန်း Hacker ကြီးဖြစ်သော Kevin Micknick ပင်လျှင် Social Engineering Attack ဖြင့် ထိုးနှက်ခြင်းကို ခံခဲ့ရသည်။

အောက်တွင်ဖော်ပြထားသော Social Engineering Attack ဆိုင်ရာ ဥပမာများမှာ Hacker များ အသုံးပြုလေ့ရှိသည့် အနက်မှ အချို့သာဖြစ်ပြီး၊ ၄င်းတို့သည် ရိုးစင်းလွန်းလှသည်ဟု ယူဆရသော်လည်း ထောင်ပေါင်းများစွာသော သူတို့သည် ဤနည်းများကို အသုံးပြု၍ တိုက်ခိုက်ခြင်းကို ကြုံတွေ့ခဲ့ရပြီး၊ ကြုံတွေ့ရဆဲနှင့်ဆက်လက်ကြုံတွေ့ရ ဦးမည်သာ ဖြစ်သည်။


Shoulder Surfing Attack

Shoulder Surfing Attack ဆိုသည့်အတိုင်းပင် အသုံးပြုသူ ဖြည့်သွင်းလိုက်သော Password ကို ချောင်းမြောင်းကြည့်ရှုပြီး ရယူခြင်းပင်ဖြစ်သည်။ ဤတိုက်ခိုက်မှုကို ကာကွယ်ရန်အတွက် အကောင်းဆုံးနည်းမှာ Password ဖြည့်သွင်းစဉ်တွင် ပတ်ဝန်းကျင်ကိုသတိထားပြီးမှာသာ ဖြည့်သွင်းရန်ဖြစ်ပြီး၊ ထိုသို့ တိုက်ခိုက်ခြင်းခံခဲ့ရပါက အကောင်းဆုံးသော တုံ့ပြန်မှုမှာ ချောင်းမြောင်းကြည့်ရှုသူ၏ မေးရိုးအား ၀ိုက်လက်သီးဖြင့် ပြင်းထန်စွာထိုးနှက်ခြင်းပင်ဖြစ်သည်။

Guessing Attack

များသောအားဖြင့် အသုံးပြုသူများသည် Password ရွေးချယ်ရာတွင် မိမိတို့၏ မွေးသက္ကရာဇ်၊ မှတ်ပုံတင်အမှတ်၊ ရင်သွေးငယ်များ၏အမည်၊ တယ်လီဖုန်းနံပါတ် စသည်တို့ကိုသာ ရွေးချယ်လေ့ရှိသည်။ ဤသည်ကပင် တိုက်ခိုက်ရန်အတွက် အလွယ်ကူဆုံးသော၊ အားနည်းမှုအရှိဆုံး အခြေအနေသို့ ရောက်ရှိအောင် ကိုယ်တိုင်ရွေးချယ်ဖန်တီးခြင်းပင်ဖြစ်သည်။

Dictionary Attack

Dictionary Attack ဆိုသည်မှာ ရွေးချယ်လေ့ရွေးချယ်ထရှိသော Password များပါဝင်သည့် Text File ပါဝင်သည့် Programme တစ်ခုကို အသုံးပြုပြီး၊ Password ကို သိမ်းဆည်းထားသော Database နှင့် ထို Password File တွင်ပါဝင်သော Password များကို တိုက်ဆိုင်စစ်ဆေးကာ Password ကိုရယူခြင်းဖြစ်သည်။ လုံခြုံရေးဆိုင်ရာ ကောင်းမွန်သော Password များကို တိုက်ခိုက်ရန်မှာ မလွယ်ကူလှပေ။
Dictionary Attack အတွက် အသုံးပြုသော Programme ပေါင်းများစွာရှိပြီး၊ အချို့ကိုအခမဲ့ရယူ သုံးစွဲနိုင်သည်။

Brute Force Attacks

Brute Force Attack သည် ဖြစ်နိုင်ချေရှိသော Password ကို Letters များ (abcdefghijklmno……)၊ Number များ (0123…….)၊ Special Characters (@#%*^!”>,, …..) စသည်တို့ကို တွဲဖက်ပြီး ၄င်း Results များကို Password Database နှင့်တိုက်ဆိုင်စစ်ဆေးကာ Password ကို ရယူခြင်းပင်ဖြစ်သည်။

Read more: Hacker အကြောင်းသိကောင်းစရာ - Myanmar Network http://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A214039&xgs=1&xg_source=msg_share_topic#ixzz1ORsa0ZOm

Friday 17 June 2011

ဓါတ်ပုံ ဖိုင်တစ်ခုထဲကို ဖိုင်တွေ ထည့်ဖွက်မယ်

ဒီနေ့ ဓါတ်ပုံဖိုင်တစ်ခုထဲကို ဖိုင်တွေ ထည့်ဖွတ်တာ ရေးမယ်လို့ စဉ်းစားမိတယ်။ ကြာတော့ ကြာခဲ့ပြီဗျ .. ။ တော်တော်များများလည်း သိပြီးကြလောက်ပါပြီ .. ။ မသိသေးတဲ့ လူတွေ အတွက် ထပ်ရေးပေးလိုက်ပါတယ်။
C ကိုဖွင့် R-Click နှိပ် NewFolder နဲ့ Folder တစ်ခုလုပ်ပြီး x လို့ နာမည်ပေးလိုက်ပါတယ်။ jpg file type ဓါတ်ပုံတစ်ပုံကို x ထဲ copy and paste လုပ်ပြီး ထည့်လိုက်ပါတယ်။ နာမည်ကို 1 လို့ rename ပေးလိုက်ပါတယ်။(ရေးရလွယ်အောင် ပေးတာပါ)
ကျနော်ဖွတ်ချင်သမျှ ဖိုင်အားလုံးကို select လုပ်ပြီး R-Click လုပ် Add to “Desktop” ကိုနှိပ်လိုက်ပါတယ်။ Desktop နာမည်နဲ့ rar ဖိုင်တစ်ခုဖြစ်သွားပါတယ်။ (ဒီ အဆင့်ကို လုပ်ဖို့ အတွက် winrar သို့မဟုတ် 7zip လို မျိုး ဖိုင်ချုံ့ပေးတဲ့ software တစ်ခုလိုပါတယ်။ winrar မရှိတဲ့လူ ဒီမှာ ယူပါ။ မသုံးတတ်တဲ့ လူတွေ အတွက်ပါ အသေးစိတ်ရေးပေးထားပါတယ် သီးခံ ဖတ်ပေးပါဦး။).
အဲဒီ rar ဖိုင်ကိုလည်း x ထဲ ကူးထည့်ပေးပါဦး။
ထည့်ပြီးပြီ ဆိုရင် Run မှာ cmd လို့ ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါ။ ပေါ်လာတဲ့ cmd box မှာ cd\x လို့ ရိုက်ထည့်ပေးပါ။ ပြီးရင် copy /b 1.jpg + desktop.rar 2.jpg လို့ ရိုက်ထည့်လိုက်ပါ။ (space ခြားတာ မှားမှာ စိုးလို့ ထပ်ရေးပေးပါ့မယ် copy<space bar>/b<space bar>1.jpg<space>+<space>desktop.rar<space>2.jpg ဖြစ်ပါတယ်။) အောက်ပါအတိုင်း cmd မှာ ပေါ်လာပါမယ်။
2.jpg ဆိုတဲ့ ဓါတ်ပုံတစ်ခု ထပ်ပေါ်လာပါတယ်။ ဖိုင်ဆိုဒ်ကို ကြည့်လိုက်ပါဦး။ နှစ်ခုပေါင်းထားတဲ့ဖိုင်ဆိုဒ် ဖြစ်ပါတယ်။ ဓါတ်ပုံကို လည်း ပုံမှန်အတိုင်းပဲ ဖွင့်ကြည့်နိုင်ပါတယ်။ ပြန်ဖြည်မယ်ဆိုရင်လည်း rar နဲ့ ချုပ်တာ ဆိုရင်တော့ 2.jpg ကို winrar နဲ့ ဖွင့်ပြီး Extract to နဲ့ ဖွင့်ရမှာ ဖြစ်ပါတယ်။ 7z ဆိုရင်တော့ extract here ပေါ်ပါတယ်။
နားလည်ကြမယ်လို့ ထင်ပါတယ်။ ကျနော် အတတ်နိုင်ဆုံး လွယ်အောင် ရှင်းပြထားတာပါ။ မိမိဖွက် ချင်တဲ့ ဖိုင်က jpg မဟုတ်ရင်လည်း ရပါတယ် ဖိုင်နာမည်နောက်မှာ ပြောင်းရေးပေးရုံပါပဲ။ (ဥပမာ- .txt text ဖိုင်ထဲမှာ ထည့်ဖွတ်မယ်ဆိုရင်လည်း filename.txt ပေါ့ဗျာ။ နောက်က ပေါင်းထည့်လိုက်တဲ့ ဖိုင်ကလည်း 7-zip နဲ့ ချုံ့ ထားတာဆိုရင် desktop.7z ပေါ့)
တစ်ဖိုင်တည်း ထည့်ဖွက်လို့ ရတာလား ? ….
မဟုတ်ပါဘူး ထည့်ချင်သလောက်ကို ပေါင်းထည့်လို့ရပါတယ်။ ဖိုင်တွေ ပေါင်းချင်သလောက်ကို + တွေ နဲ့ ပေါင်းသွားပြီး နောက်ဆုံးမှာ + မခံတော့ပဲ နာမည် အသစ် တစ်ခု ပေးလိုက်ရင် ရပါတယ်။(ဥပမာ – x ထဲမှာပဲ အောက်ပါ ဖိုင်တွေကို ပေါင်းပါ့မယ်။)
1.jpg
2.png
desktop.rar
flash.txt
တို့ကိုပေါင်းမယ်ဆိုရင် အောက်ပါအတိုင်း cmd မှာ ရေးရပါတယ်
cd\x
copy /b 1.jpg + 2.png + desktop.rar + flash.txt 3.gif
လို့ရေးလိုက်ပါတယ်။

ရလာမယ့် ဖိုင်ကို gif type နဲ့လိုချင်လို့ ဖြစ်ပါတယ်။ သူက အရှေ့ ဆုံးမှာ ရေးတဲ့ဖိုင်ထဲကို နောက်ကအားလုံး ပေါင်းပေးလိုက်တာ ဖြစ်ပါတယ်။ တကယ်လို့ .txt ဖိုင်ထဲ ဖွက်ချင်ရင်တော့ txt ကို ရှေ့ဆုံးက ထားပေါ့။ jpg ကို ရှေ့ကထားပြီး txt နဲ့ ပြန်ထုတ်မယ်ဆိုရင်တော့ မရဘူး မဟုတ်ဘူး ရပါတယ်။ ပုံတော့ ပေါ်လာတော့မှာ မဟုတ်ပါဘူး။ ဓါတ်ပုံတစ်ပုံကို notepad အလွတ်ထဲ ဆွဲထည့်လိုက်သလို code တွေပဲ ပေါ်တော့မှာ ဖြစ်ပါတယ်။
အားလုံးသဘောပေါက်ကြမယ် ထင်ပါတယ်။ ကျနော်ရေးလိုက်တာ ရှုပ်သွားမလားပဲ …။ software မပါပဲ ဖိုင်တွေ ချုံ့မရဘူးလား မေးလို့ ဒါလေးကို ရေးပေးလိုက်တာ ဖြစ်ပါတယ်။ ဖိုင်ဆိုဒ်တွေတော့ လျှော့မသွားပါဘူး၊ ဖိုင်တွေ ပေါင်းပြီး ဖွက်ထားလို့ ရရုံလောက်လေးပါ .. ။ အဆင်ပြေကြပါစေဗျာ …..


  

ဆိုင်ဘာမှသုံးသူများ အတွက် (သို့) သူများ PC မှာ သုံးမယ်ဆိုရင်

တ်ာတော်များများက Gmail password hack မယ်ဆိုတာနဲ့ အရမ်းကို စိတ်ဝင်စားကြတယ်ဗျ .. ။ ဘာလို့သူများ password ကို သိချင်ကြမှန်းမသိဘူး .. ။ အမှန်အတိုင်း ပြောရရင် ကျနော် password hack တာကို စိတ်မ၀င်စားဘူးဗျ .. ။ ဘာမှ ကောင်းကျိုးမရှိဘူး ။ ရေးတဲ့လူတွေ ရှိတော့လည်း ပြောပြရတော့မှာပေါ့ဗျာ .. ။ ရေးကြတာကတော့ connection ကျအောင်လုပ် gtalk က password တွေ •••• အဖြစ်ပေါ်လာရင် သူတို့ပြောတဲ့ Software နဲ့ ကြည့်ပေါ့ဗျာ .. ။ အင်း …
အဲဒီထက်ကောင်းတဲ့နည်းရှိတယ်ဗျ … see passwoord လို့ ခေါ်တယ်။ အောက်က ပုံကိုကြည့်ကြည့် .. ဒီကောင်လေးမှာ မှန်လိုပုံစံလေးပါတယ်။ password နေရာမှာ မှန်ဘီလူး လိုကြည့်လိုက်ရင်ပေါ်ပြီပဲ။ portable လည်းရှိပါတယ်။ မရှယ်တော့ဘူးနော် .. ။ လိုချင်ရင်ရှာယူလိုက်ပေါ့ .. ပေါပါတယ်။

အဲဒါထက်ဆိုးတာ တစ်ခုရှိတယ်ဗျ … ။ မရေးတော့ဘူးလို့နေတာ .. ။ ကျနော်ပေးလိုက်မိတဲ့ အတွက် တာဝန်မကင်းဘူးလို ခံစားနေရလို့ပါ .. ။ ဒီလိုဗျာ .. keylogger လို့ခေါ်တယ် .. window စတက် ကတည်းက စအလုပ်လုပ်တယ်။ ပိတ်လိုက်လည်း နောက်ကွယ်မှာ လုပ်နေတယ်။ tray icon လည်းမပေါ်ဘူး။ ရှိမရှိ မသိရဘူးပေါ့ဗျာ .. ။ သူက ခင်ဗျား keyboard မှာ ရေးလိုက်သမျှ၊ mouse နဲ့နှိပ်သမျှတွေကို အချိန်နဲ့တကွ မှတ်ထားပေးတယ်ဗျ .. ။ အဲဒါဆို ဘာတွေ ပါသွားမလဲ တွေးကြည့်လေ .. ။ ပထမဆုံး gtalk sign in ၀င်မယ်ဗျာ .. ။ သွားပြီ user name ရော ၊ password ရော ။ နောက်ပြီးရင် ကိုယ့်ချစ်သူနဲ့ နှစ်ကိုယ်ကြားတွေပြောမယ်၊ ဒါမှမဟုတ် လုပ်ငန်းပိုင်းတွေပြောမယ်။ တစ်ချို့တွေ credit card နံပါတ်တွေ ရိုက်မယ် အကုန်ကျန်ခဲ့တာဗျ .. ။ ဘယ်လောက် ဆိုးသွားနိုင်မလဲ တွေးကြည့်ပေါ့ .. ။ အထူးသဖြင့် ဆိုင်ဘာ ကနေ သုံးရတဲ့လူတွေ .. ။ တွေးသာကြည့်ပါတော့ဗျာ … (All in 1 key-logger ဆိုရင် ဓါတ်ပုံတွေ၊ အသံတွေ၊ ဗီဒီယိုတွေကိုပါမှတ်ပေးထားနိုင်တယ်၊ သတိထားနော်.. မင်းသား/မင်းသမီးတွေပါ ဖြစ်သွားမယ် ဟဟ)

အဲဒါကို ရှိမရှိ ကြည့်ဖို့ ပြီးတော့ ကိုယ်ရေးခဲ့သမျှ မကျန်ခဲ့ဖို့ ကျနော် ပြောပြေပါ့မယ်။ ကိုယ့်သူငယ်ချင်းနဲ့ သက်ဆိုင်သူတွေကိုတော့ အသိပေးပြောပြလိုက်ပေါ့ဗျာ .. ။ တကယ်ကျန်ခဲ့တယ်ဆိုတာ အားလုံးမှတ်ပေးနိုင်တယ်ဆိုတာ မယုံဘူးလား .. ဟဟ software ရှာပြီး စမ်းကြည့်ပေါ့ဗျာ .. ။ ကျနော် fileden မှာ host တင်ပြီးသားကို ရှိတယ်။ ဒါပေမယ့် မပေးဘူး .. အကျိုးမရှိဘူးလေဗျာ … ။

ကဲ ကြာပါတယ် .. ကိုရေးတာတွေ password တွေ ပါမသွားအောင် လုပ်လိုက်ရအောင် .. ။ Ctrl+Shift+Esc(or)Ctrl+Atl+Del နဲ့ Task manager ကို ခေါ်လိုက်ဗျာ ..။ Process ဆိုတဲ့ tab ကို နှိပ်ပြီး msdts.exe ဆိုတာကို လိုက်ရှာကြည့် ဗျာ ။ ရှိတယ်ဆို keylogger သုံးထားလို့ပေါ့ ။ အမြန်သာ click နှိပ်ပြီး End process ပေးလိုက်ပေတော့ ။ အဲဒါဆိုရင်တော့ keylogger ကို ကာကွယ်နိုင်ပြီ ဖြစ်ပါတယ်။
အဆောင်က သူငယ်ချင်းတွေကိုတော့ စမ်းပြပြီးကို ပြောထားလိုက်ပါတယ် .. ။ ကောင်းတော့ကောင်းတယ် ကျနော့် ကွန်ပျူတာကို အကြောင်းသိတဲ့လူတွေ လာမသုံးကြတော့ဘူး .. ဟဟဟ ။ ကာကွယ်နိုင်အောင်ပါ .. အားလုံးရဲ့ ကောင်းကျိုးအတွက် ရေးလိုက်ပါတယ် .. သိပြီးသားဆိုလည်း နားလည်ပေးပါဦးဗျာ ….
ကျေးဇူးတင်ပါတယ် …

RapidShare Auto Downloader 3.4

Rapidshare အတွက် software တွေ ပေးခဲ့ဘူးတယ်။ ဒါပေမယ့် မပြေတဲ့လူက မပြေကြဘူးလေ။ အခုက မိမိဒေါင်းချင်သလောက် လင့်တွေသာ ထည့်ပေးထားလိုက် သူ့ဘာသာ တစ်ခုပြီးတစ်ခု ဒေါင်းနေလိမ့်မယ်။ ဘာမှ လုပ်ပေးစရာမလိုဘူး။ connection ကျတာတို့၊ ဒေါင်းနေရင်း Shutdown လုပ်ရမှာတို့ကျရင်လည်း resume ပြန်ချပေးလိမ့်မယ်။(သူ့ဘသာချပေးပါတယ်) အဲဒါကြောင့်လဲ Rapid Share Auto Downloader လို့ နာမည်ပေးထားတာပါ။ Speed ကလည်း မိမိကိုယ်တိုင် Free User နဲ့ ချတဲ့ speed ထက် သုံးဆမက ပိုကောင်းနေပါလိမ့်မယ်။ ကျနော် rapid premium account ရှိတုန်းကတောင် အပိုင်း ၄၀ လောက် ချရမယ်ဆိုရင် တော်တော်ပင်ပန်းပါတယ်။ အခုကျတော့ လင့်လေးတွေ ထည့်ထားပေးပြီး လုပ်ချင်တာ လုပ်နေယုံပဲ။ စမ်းကြည့်ဗျာ …….. တော်တော်များများက သိပြီးသားပါ … latest release လေး တင်ပေးတယ်လို့ သဘောထားပေါ့ ..
 



 


Tuesday 14 June 2011

MEGAUPLOAD PREMIUM ACCOUNT

ဒါလေး Share ဖို့ကို.. 24hour တစ်ရက်လောက် စောင့်လိုက်ရတယ်... သေချာအောင်လို့ပေါ့.. ဒီနေ့ စမ်းကြည့်တော့.. ကွတ်တိဗျာ.. အောက်ကပုံကို ကြည့်လိုက်



Megaupload download link ကိုသွားလိုက်တာနဲ့.. Premium download ဆိုတာကြီးက အခန့်သားစောင့်နေတာ.. အပိုင်ပဲနော်... သူငယ်ချင်းလဲ.. ဒါမျိုးပဲ မြင်ချင်တာ မှတ်လား...
စမ်းဆွဲထားတဲ့ ပုံပါ ထည့်ပေးလိုက်ဦးမယ် ကြည့်ကြည့်လိုက်..


ကဲ.. ဘယ်လိုလဲ.. ကျေနပ်တယ်မှတ်လား... အငြိမ်ပဲနော်... နည်းလမ်းလေးပြောမှဖြစ်တော့မယ်.. ကြာရင်စာဖက်နေတဲ့သူငယ်ချင်း.. မေတ္တာပို့တော့မယ် ပြောမှာဖြင့်မပြောဘူး ဆိုပြီး........... အိုကေ... အရင်ဆုံး. ဒီဆိုဒ်လေးကို သွားလိုက်..
http://www.megakey.com/
.ပြီးရင်..  Megakey ကို Download လုပ်လိုက်.. 5.41MB ပဲရှိတယ်.. အိုကေနော်. ဒေါင်းပီးရင်.. Install လုပ်ပေါ့... ဟုတ်ပီလား.. Install လုပ်ပီးပီ ဆိုရင်.. အောက်က ပုံအတိုင်းလုပ်.. Megakey ပေါ်မှာ Right Click ခေါက်ပီး Megakey Benefits ဆိုတာကို နှိပ်လိုက်


ဒါမျိုးလေးကျလာလိမ့်မယ်.. အဲထဲကမှ.. ရွှေ့လို့ရတဲ့ Slide အတုံးလေးကို ညာဘက် အဆုံးထိ ရွှေ့လိုက်.. မျှားလဲ ထိုးပြထားတယ် ပြီးတော့.. အောက်ဘက်မှာ.. ဘောင်ခပ်ထားတဲ့ထဲမှာ.. နိုင်ငံတို့.. အသက်တို့. ဘာတို့ပေါ့.. အဲဒါလေးတွေ လျောက်ဖြည့်လိုက်... ဒါဆိုရပြီ...






------------ စိတ်ရှည်ရမယ့် အပိုင်းတော့ရောက်လာပီ... ဘာလဲဆိုတော့.. အပေါ်ကပြောခဲ့တာတွေ အကုန်လုပ်ပြီးရင်.. 24နာရီ တစ်ရက်တော့ စောင့်ပေးရတယ်ဗျာ.. အဲတော့မှ သုံးလို့ရမှာ... ကဲ.. မတက်နိုင်ဘူး.. စိတ်ရှည်ရှည်နဲ့သာ စောင့်ပေတော့ဗျာ--------------

ကျွန်တော်လဲ 24နာရီ စောင့်ခဲ့ရတာဗျ...:) :)

Monday 13 June 2011

Css Templates အလကားရမယ့် website တစ်ခုပါ

င်္CSS Templates



အားလုံးကြိုက်ကြမယ်ထင်တယ်
အကောင်းဆုံးတွေ ကို စုစည်းနေတဲ့ Tas
                                                                    From MyanmarTutorials

Friday 10 June 2011

ဟက်ကာတစ်ယောက်ယောက် ၀င်ရောက်နေမှု ရှိမရှိ အလွယ်တကူ ရှာဖွေ ဖော်ထုတ်နိုင်မယ့် နည်းကောင်းတစ်ခု

မိမိကွန်ပျူတာထဲမှာ ထရိုဂျန် (Trojan) ဒါမှမဟုတ် ဟက်ကာတစ်ယောက်ယောက် ၀င်ရောက်နေမှု ရှိမရှိ အလွယ်တကူ ရှာဖွေ ဖော်ထုတ်နိုင်မယ့် နည်းကောင်းတစ်ခုကို ဒီတစ်ပတ်အိုင်တီဗဟုသုတအဖြစ် ဖော်ပြလိုက်ပါတယ်။
ကွန်ပျူတာမှာ ထရိုဂျန်လို့ခေါ်တဲ့ ကွန်ပျူတာဗိုင်းရပ်စ်ပဲဖြစ်ဖြစ်၊ ဟက်ကာပဲ ဖြစ်ဖြစ် ၀င်ရောက်နေပြီဆိုရင် စက်ဟာ နှေးကွေး လာပါလိမ့်မယ်။
ဘာကြောင့်လဲဆိုတော့ ထရိုဂျန်တွေ၊ ဟက်ကာတွေက မိမိကွန်ပျူတာကနေ မိမိရောက်လိုတဲ့ ကွန်ပျူတာ (သို့မဟုတ်) ဆာဗာတွေ ဆီကို အင်တာနက်ကနေ လှမ်းပြီး ချိတ်ဆက်နေလို့ဖြစ်ပါတယ်။
ဒီလိုဝင်ထွက်နိုင်ဖို့ ၀င်ပေါက်ထွက်ပေါက် (Port) နဲ့ ချိတ်ဆက်မှုလမ်း (Protocol) တစ်ခုခုကို အသုံးပြုရပါတယ်။
အများဆုံး အသုံးပြုတာက Transmission Control Protocol (TCP) ချိတ်ဆက်မှု လမ်းကြောင်းကို အသုံးပြုတတ်ပါတယ်။
ပုံမှန်ဝင်ပေါက်ထွက်ပေါက် နံပါတ်တွေက သုညကနေ 1023 အတွင်းမှာရှိပေမယ့် ထရိုဂျန်နဲ့ တခြားဆော့ဖ်ဝဲတွေက Port 1024 ကနေ 49151 အတွင်းမှာ အသုံးပြုကြပါတယ်။
ဒါကို ဖော်ထုတ်နိုင်ဖို့ ၀င်းဒိုးမှာ အလိုအလျောက်ပါဝင်တဲ့ Netstat Tools ကို အသုံးပြုမှာဖြစ်ပါတယ်။
အရင်ဆုံး အင်တာနက်အသုံးပြုနေရင် Browser အားလုံးနဲ့ Software တွေကို ပိတ်လိုက်ပါ။ Windows Key+R ကိုနှိပ်ပါ။
Run box လေးပေါ်လာပါလိမ့်မယ်။
CMD လို့ရိုက်ထည့်ပြီး Enter နှိပ်ပါ။ Command Prompt ကို ရောက်သွားပါ့မယ်။
အရင်ဆုံး မိမိကွန်ပျူတာကနေ အပြင်ကို ဘာတွေထွက်နေလဲဆိုတာ လေ့လာပါ့မယ်။ Command Prompt မှာ Netstat -a လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါတယ်။စာတန်းအရှည်ကြီးထွက်လာပါလိမ့်မယ်။ ပုံမှာကြည့်ပါ။ဆက်ကြောင်းတစ်ခုဟု မိမိစက်ကနေ အပြင် IP တစ်ခုကို ထွက်နေတာ တွေ့ရပါလိမ့်မယ်။
ကွန်ပျူတာမှာ ဆော့ဖ်ဝဲနဲ့ Browser တွေအကုန်ပိတ်ထားပေမယ့် TCP ဆက်ကြောင်းကနေထွက်နေတာဖြစ်ပါတယ်။Port တွေကို နံပါတ်နဲ့ မြင်ချင်ရင် Netstat -an လို့ရိုက်ထည့်ပြီး ကြည့်ပါ။
မိမိကွန်ပျူတာမှာရှိတဲ့ ပရိုဂရမ်တစ်ခုခုက အင်တာနက် Connection ယူပြီး အပြင်ကို ထွက်နေသလားသိချင်ရင် Netstat -bn လို့ Command Prompt မှာ ရိုက်ထည့်ပြီး သုံးကြည့်ပါ။
အောက်ဖော်ပြပါပုံမှာ avp.exe ပရိုဂရမ်က အပြင် IP နံပါတ် 74.125.236.85 ကို Port နံပါတ် 443 ကို အသုံးပြုပြီး TCP ဆက်ကြောင်းကနေ ထွက်နေတာဖြစ်ပါတယ်။

ဒါကြောင့် ဘယ်သူတွေ ဘယ်ပရိုဂရမ်တွေက အပြင်ကို အင်တာနက်ကနေတစ်ဆင့် ၀င်နေထွက်နေသလဲဆိုတာ Netstat ကို အသုံးပြုပြီး ရှာဖွေနိုင်ပါကြောင်း ဖော်ပြလိုက်ပါတယ်။

ကောင်းနိုးရာများကိုရှာဖွေနေသော Tas
                                                     From အရူးလွယ်အိတ်

Monday 6 June 2011

Firefox 5.0 Beta 1

Firefox Web browser အသစ်ကလေးပါ၊ အောက်မှာဖတ်ကြည့်လိုက်ပါ၊
အသုံးပြုချင်သူများအတွက် ဒေါင်းဘို့ လင့်ခ် ပါထည့်ပေးထားပါတယ်။


The Web is all about innovation, and Firefox sets the pace with dozens of new features to deliver a faster, more secure and customizable Web browsing experience for all.
User Experience. The enhancements to Firefox provide the best possible browsing experience on the Web. The new Firefox smart location bar, affectionately known as the "Awesome Bar," learns as people use it, adapting to user preferences and offering better fitting matches over time.
Performance. Firefox is built on top of the powerful new Gecko platform, resulting in a safer, easier to use and more personal product.
Security. Firefox raises the bar for security. The new malware and phishing protection helps protect from viruses, worms, trojans and spyware to keep people safe on the Web.
Customization. Everyone uses the Web differently, and Firefox lets users customize their browser with more than 5,000 add-ons.

Download from filehippo
Download from ziddu

Thursday 2 June 2011

English စာ လေ့လာသူတွေများအတွက် online Dictionary စနစ

English စာ လေ့လာသူတွေများအတွက် online Dictionary စနစ်များစတင်နေကြောင်းသတင်းကောင်းကြားအပ်ပါသည်။
Dictonary လိပ်စာကတော့ အောက်................
 
အားလုံးနှစ်သက်ကြမယ်လို့မျှော်လင့်ပါတယ်။

အခမဲ့ မြန်မာပြည်TV လိုင်းကြည် ကြမလား





အကယ် တစ်ကမ္ဘာလုံးက Sports, music, news, movie, fun, Science, Cartoons, Networks, lifestyle, shopping စတဲ့ TV ထုတ်လွှင့်မှုတွေဘဲကြည့်မလား..ဒါမှမဟုတ် အမိမြန်မာပြည့်ကို အလွမ်းဖြေဖို့ Myanmar International, Myanmar Entertainment  မှာမြန်မာလိုပြောပြီး အင်္ဂလိပ်လိုစာတန်းထားတဲ့ မြန်မာ TV လိုင်းတွေ ဘဲကြည့်မလား.  GOD TV လဲပါပါတယ်.စုံလင်လှတဲ့ TVU player လေးနဲ့ မိတ်ဆက်ပြီး  တင်ပေးလိုက်ပါတယ် .. မြန်မာလိုင်းကိုအလွယ်တကူရှိချင်ရင် အပေါ်က search box မှာ myanmar လို့ရေးလိုက်တာနဲ့ မြန်မာပြည်ရဲ့ လိုင်းနှစ်လိုင်းကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်ဒီအပြင် Channels တွေအားလုံးအတွက် ဘယ်အချိန်မှာ ဘာလာမယ်ဆိုတာကို ကိုယ့်နိုင်ငံရဲ့အချိန်နဲ့ ကိုက်ပြီးဖော်ပြ ပေးထားပါတယ် ..အားလုံးအဆင်ပြေပျော်ရွှင်နိုင်ပါစေလို့မိတ်ဆက်ပေးလိုက်ပါတယ် .အခမဲ့ကြည့်ရမှာဖြစ်ပါတယ်....ပြီးတော့ Portable လေးဖြစ်ပါတယ်..install စရာမလိုဘဲ အေးအေးဆေးဆေးအသုံးပြုနိုင်ကြောင်းပါ။
SBSangpi(စံပီး)မှ ကူးယူတင်ပြပါသည်။
Download From
Mediafire