Saturday 26 May 2012

Add to Animated to FireFox

Add to Animated to FireFox

https://addons.mozilla.org/en-US/firefox/addon/animated-matrix/

website copier

website copier လေးက ဘာတွက် အသုံးဝင်လဲဆိုရင် ကျနော်တို့ အိမ်က စက်တွေဖြစ်ဖြစ် ရုံးကစက်တွေမှာပဲ

ဖြစ်ဖြစ် နက်မရှိပဲ ကိုယ်ကြည့်ချင်တဲ့ website လေးကို အွန်လိုင်းပေါ်မှာကြည့်နေသလိုကြည့်လို့ရအောင်လုပ်

ပေးတာပါ.ဒီတွက် ကျနော်တို့ ဒီ HTTrack Website copier ဆိုတာလေးကို ကို့စက် OS အမျိုးအစားလိုက်

ဒေါင်းလုပ် လုပ်ပေးရပါမယ်.

Download ကိုအောက်က လင့်လေးမှာ ရွေးချယ်ပြီးဒေါင်းပေးပါ

http://www.httrack.com/page/2/en/index.html

ဒေါင်းတာပြီးသွားပြီးဆိုရင် ဆော့ဝဲလေးကို အင်စတောလုပ်ပါမယ် ပြီးရင် သူက project name ပြီးတော့ ကိုယ်

save ထားချင်တဲ့နေရာ တောင်းပါလေ့မယ်.ပြီးကျရင်တော့ ကိုယ် ဒေါင်းချင်တဲ့ website URL လေးကိုထည့်ပြီး

ဒေါင်းပေးလိုက်ယုံပါပဲ.ဒေါင်းတာ ကြာမြင့်ချိန်ကတော့ ကိုယ် ADD လုပ်တဲ့ URL ရဲ့ ဆိုဒ်ပေါ်မှာ မူတည်ပါတယ်

ကျနော် အစမ်းပြပေးထားတဲ့ ဆိုဒ်ဆိုရင် ၁ဂစ်ခွဲလောက်ရှိပါတယ် ဒါပေမယ် ကျနော် နက်မရှိလဲ အဲ့ဆိုဒ်လေးကို

ကြိုက်တဲ့ချိန်ဖတ်ရှု့လို့ရပါတယ်.ဒေါင်းတာလောက်ပဲ ခက်ခဲပါလေ့မယ် ဒီလောက်ဆို အသုံးဝင်ပုံလေးနာလည်

လေ့မယ် ထင်ပါတယ် လုပ်ဆောင်ပုံကတော့ ကျနော် အောက်မှာ CAPTURE လုပ်ထားတာလေးကိုကြည့်လိုက်

ရင် နားလည်ကျမှာပါ.တကယ်လို့ အဆင်မပြေဘူးဆိုရင် ကျနော့် တွက် Command ဖြစ်ဖြစ် ကျနော့် သုံးနေတဲ့

gmail ကဖြစ်ဖြစ် မေးမြန်းနိုင်ပါတယ်.

အားလုံးကျေးဇူးတင်ပါတယ်.

Autoproxy (Proxy အတွက်စိတ်မပှုနဲ့)

proxy က port ကလဲ ရွေးသေး proxy တိုင်းလဲမရ
တော့ အမြဲတမ်းတော့ မရှာနိုင်တာနဲ့ စဉ်းစားမိတော့မှ Firefox addon ကနေပြီးတော့ autoproxy လို့ရှာလိုက်
တယ် ဒါနဲ့ ပထမဦးဆုံးထွတ်လာတဲ့ Autoproxy ကို အသုံးပြုတာ ဒီနေ့အထိဘဲ ဘာမှကို proxy အတွက်
စိတ်ပှုစရာမလိုဘဲ သူ့ဟာသူအလိုလျှောက် လဲပေးသွားတော့ အရမ်းကိုအဆင်ပြေတာပေါ့။...

ဆိုတော့ မြန်မာပြည်တွင်းက မိတ်ဆွေတွေလဲ Proxy အတွက်ကြောင့်နဲ စိတ်ညစ်နေရင်
Firefox ကနေ Tools-addons မှာသွားပြီး Autoproxy ကိုရှာပြီး add to firefox ကိုနှိပ်ပါ။
ဒါမှမဟုတ်
https://addons.mozilla.org/en-US/firefox/addon/autoproxy/?src=search ကနေသွားပြီး
add to firefox ကိုနှိပ်လိုက်ပါပြီးတော့ firefox ကို ပိတ်ပြီးပြန်ဖွင့်လိုက်ပါ။

ဒါဆိုရင်တော့ အရင်တုန်းက သွားလို့မရတဲ့ ပိတ်ထားတဲ့ဆိုဒ်တွေအကုန်ပွင့်သွားပါမယ်လို့
မျှော်လင့်ပါတယ်.
အဆင်မပြေခဲ့သော် comment ထားခဲ့ပါ။

Saturday 12 May 2012

Office 2007 အတွက် Product Key မလို Installer CD ပြုလုပ်ခြင်း။






Microsoft Office 2007 ကို install တင်သောအခါတွင် ပြုလုပ်ရလေ့ရှိသည်မှာ ခွေထည့်လိုက်သည့်အခါတွင် setup wizard မှ Serial No. ထည့်သွင်းရန်အတွက် အကွက်ပေါ်လာပါသည်။ ထိုအခါတွင် ခွေအတွင်းမှ text file ကိုဖွင့်ပြီး နံပါတ်ကို copy ကူးယူပြီး ဖြည့်ခြင်းများဖြင့် အဆင့်ဆင့်ပြုလုပ်ပေးရပါသည်။ ထို့ကြောင့် ယခုနည်းမှာ Office 2007 တင်သောအခါတွင် အဆိုပါ key များကိုထည့်သွင်းပေးရန်မလိုအပ်ပဲ၊ အချိန်ကုန်သက်သာစေမည့် installer ခွေလေး ဖြစ်သွားအောင် ပြုလုပ်ကြည့်ကြရအောင်။

(၁) ပထမဦးစွာ Microsoft Office 2007 CD ခွေကို သင့်စက်တွင်ထည့်၍ ခွေအတွင်းတွင် ပါဝင်သည့် file များ အားလုံးကို Folder လေးတစ်ခု တည်ဆောက်ထားပြီး ကူးယူထားလိုက်ပါ။

(၂) ယင်းသို့ ကူးယူပြီးနောက် ရရှိလာသော Folder ပေါ်တွင် Right Click တစ်ချက်နှိပ်၍ Properties ကို ရွေးချယ် ပေးပြီး၊ ၎င်းအတွင်းမှ Read-Only အမှန်ခြစ်ကို ဖြုတ်ပေးလိုက်ပါမယ်။

(၃) ဆက်လက်၍ ကူးယူထားသော Folder အတွင်းမှ Enterprise.WW ဆိုတဲ့ Folder အတွင်းမှာ config.xml ဆိုတဲ့ file လေးကို Notepad ဖြင့် ဖွင့်စေ၍ အထက်ပါပုံစံတွင် ၀ိုင်းပြထားသည့်အတိုင်း အ၀ိုင်းအတွင်းမှ စာများကို ဖျက်လိုက်ပါ။ PIDKEY value နေရာတွင်တော့ ခွေတွင် ပါဝင်သော product key ကို copy ကူးယူ၍ ဖြည့်ပေးလိုက်ပါ။ ထို့နောက် file ကို save လုပ်ပေး၍ Nero burning ဖြင့် ပြင်ဆင်လိုက်သည့် folder အတွင်းမှ file များအားလုံးကို ကူးယူလိုက်ပါ။ ဒါဆိုရင် ရရှိလာသည့် Office 2007 cd အချပ်လေးဟာ cd key ထည့်သွင်း ပေးရန် မလိုအပ်တော့သည့် Office 2007 Installer အချပ်လေးတစ်ချပ်ကို ပိုင်ဆိုင်သွားပြီပေါ့။ အကယ်၍ များများပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ များများသာကူးပေတော့ဗျို့။ အားလုံး အဆင်ပြေကြပါစေဗျား။

Windows OS လုပ်ငန်းစဉ်များ






ကွန်ပျူတာ Power Button ကို စတင်ဖွင့်လိုက်သည်နှင့် အမာထည်လျှပ်စစ်စီးပြားများတွင် လျှပ်စစ်စတင်စီးဆင်း ပြီး Windows OS လည်ပတ်နိုင်လောက်သော ပစ္စည်းများ ပြည့်စုံရဲ့လား၊ ကောင်းမွန်စွာ လည်ပတ်နေရဲ့လားဆိုတာ စတင်စစ်ဆေးပါတယ်။ ၎င်းကို Boot Starting လုပ်တယ်လို့ ဆိုတယ်။
တပ်ဆင်ထားသည့် Hardware ပိုင်းဆိုင်ရာများဖြစ်တဲ့ Processor (CPU), Memory, Graphic Display, Hard disk အစ တပ်ဆင်ထားသမျှတို့ကို ကောင်းမွန်ကြောင်း အတည်ပြုချက် ရယူသည်ကို Power On Self Test (POST) လို့ ခေါ်ကြပါတယ်။
ပြီးလျှင် Windows OS ၏ စတင်ခြင်းအတွက် OS Boot ကို ရှာဖွေပါတယ်။ Hard disk မှာရှိလျှင် တန်းတက် သွားပြီး၊ Hard disk ပျက်နေလို့၊ ဒါမှမဟုတ် OS Boot မရှိလျှင် OS Boot Disk တစ်ခုခုပေးဖို့ တောင်းဆိုလာပါ လိမ့်မယ်။
ကွန်ပျူတာကို စတင်ဖွင့်လိုက်သည်နှင့် Windows OS စတင်ရန်အတွက် Boot File တွေ လိုအပ်ပါတယ်။ Windows OS အတွက် အရေးပါဆုံး System File တွေကတော့-

IO.SYS
CONFIG.SYS
MSDOS.SYS
AUTOEXE.BAT
NTDETECT.COM

တို့ ဖြစ်ပါတယ်။ ဒီထက်ပို သိသင့်တဲ့ Essential Startup Process File တွေကိုလည်း လေ့လာထားသင့်ပါ တယ်။ ၎င်းကို Boot or Root Directory လို့လည်း ခေါ်ဆိုနိုင်ပါတယ်။ Essential Startup Process File အချို့ကို အောက်ပါအတိုင်း ဖော်ပြထားပါတယ်။


Ntldr
Windows စတင်မှုအတွက် Boot.ini File ကို ဖတ်ပါတယ်။ Windows စတင်ရန် မရှိမဖြစ် Ntoskrnl.exe, Bootvid.dll, Hal.dll တွေကို ရှာဖွေ မောင်းနှင်ပါတယ်။ ၎င်းတို့နှင့်အတူတကွ Device Driver တွေကိုလည်း ရှာဖွေ မောင်းနှင်ရပါတယ်။

Boot.ini
Windows စတင်မှုအတွက် Install Control File ဖြစ်ပါတယ်။

Ntdetect.com
Ntldr စတင်မှုတါင် ပါဝင်လုပ်ဆောင်ပါတယ်။ တပ်ဆင်ထားတဲ့ Basic Device တွေကို Executes and loading တွေကို တာဝန်ယူပါတယ်။

Pagefile.sys
Memory, Physical RAM တွေကို စစ်ဆေးအတည်ပြုပေးပါတယ်။ Windows OS လိုအပ်သော Memory ပမာဏနှင့် Application လုပ်ဆောင်မှုများကို ထိန်းချုပ်ရန်အတွက် ဖြစ်ပါတယ်။

Ntbootdd.sys
Ntldr စတင်မှုတွင် ပါဝင်လုပ်ဆောင်ပါတယ်။ Boot-Code တွေကို disk တွေပေါ်မှာ ထိန်းချုပ်စီစဉ် ပေးပါတယ်။ Boot System နဲ့ System Drives တွေကို သဟဇာတဖြစ်အောင် စီမံပေးသူလည်း ဖြစ်ပါတယ်။


အထက်ပါ Essential Startup Process File တွေကို Hacker တွေ၊ Virus ရေးသူတွေဟာ မျက်စိကျကြပါ တယ်။ စနစ်တစ်ခုလုံး၏ အသက်သွေးကြောတွေ ဖြစ်နေလို့ပါ။

From Knowledge is Free

Wednesday 9 May 2012

Windows 7 password ကို software မသုံးပဲ crack ပုံ


Windows 7 passsword မေ့သွားပါသလား ? လွယ်လွယ်လေးပါ။ ဘာ cracking software
မှမလိုပါဘူး။windows 7 password ကိုလွယ်ကူစွာ crack လုပ်လို့ရပါတယ်။
မည်သည့်softwareမှမလိုပါ။
windows 7installation DVD or System Repair disc တစ်ချပ်သာလိုhttp://www.blogger.com/blogger.g?blogID=5475482798150604108#editor/target=post;postID=2411889047780590992အပ်ပါတယ်။
လေ့လာရန်အတွက်သာဖြစ်ပါတယ်ခင်ဗျ။ လွယ်လွယ်လေးပါ။ကဲ စ crack ကြရအောင်။
။ account name ကို aung လို့သာသတ်မှတ်ပြီးရေးပြသွားမှာပါ။
ဘာလို့လဲဆိုတော့ password မေ့နေတဲ့ accountname ကတစ်ခုနဲ့တစ်ခုတူမှာမဟုတ်လို့ပါ။
example,aung ဆိုတဲ့လူကသူရဲ့ password မေ့နေတယ်ဆိုပါစို့။
အရင်ဆုံး windows 7 DVD (or) System Repair disc
ကို CD-Drive ထဲသို့ထည့်ပါ။ CMOS ရဲ့ fast-Boot device မှာ CD-Rom ကိုရွေးပေးပြီး
windows 7 CD နဲ့ boot တက်ပါ။ install windows ဆိုတဲ့Box ပေါ်လာပါမယ် ။ Next ကိုနှိပ်ပါ။
ညာဘက်ထောင့်မှာရှိတဲ့ Repair your computer ကိုနှိပ်ပါ။
ထို box ပေါ်လာပါလိမ့်မယ် next ကိုနှိပ်ပါဦး။
System Recovery Options window ပေါ်လာသောအခါ အောက်ဆုံးက

Command promptကိုနှိပ်ပါ။

cmd windowsတက်လာပါပြီ။ cmd ထဲမှာ x:\Sources > လို့ပေါ်နေပါလိမ့်မယ်။
commandနှစ်ကြောင့်းရေးရပါမယ်။

copy c:\windows\system32\sethc.exe c:\ လို့ရိုက်ပါ။Enter နှိပ်ပါ။
နောက်တစ်ခုက
copy c:\windows\system32\cmd.exe c:\windows\system32\sethc.exe

လို့ရိုက်ပြီးEnterနှိပ်ပါ။
Overwrite လုပ်ခိုင်းပါလိမ့်မယ်။ (Yes/No/All) လို့မေးပါလိမ့်မယ်။
Yes လို့ရိုက်ပြီးEnter နှိပ်ပါ။ ဒါဆိုရပါပီ။
computer ကို restart လုပ်ပါ။
normal boot နဲ့ပြန်ဝင်ပါ။ (CD boot မဟုတ်ပါ)။ Account nameနဲ့ password
ရိုက်တဲ့နေရာ ဒီမှာတော့ aung ပေါ့ဗျာ။အဲ့ဒီ့နေရာရောက်ရင် Shift key ကို(5)ချက်ဆက်တိုက်နှိပ်ပါ။
Administrator mode command promt ပေါ်လာပါလိမ့်မယ်။ပေါ်လာရင်

net user aung *

လို့ရိုက်ပြီးEnter ၂ ချက်နှိပ်ပါ။(aung က user name ပါ။မေ့နေတဲ့ username ကိုရိုက်ရမှာပါ။)
ဒါဆို password reset ဖြစ်ပါပီ။ password မရိုက်ပဲ ဒီတိုင်းမြားကိုနှိပ်ပြီးဝင်ပါ။

ဒါဆို windows 7 password ကို crack လုပ်ပြီးပါပြီ။အဆင်မပြေတာရှိရင်ပြန်ပြောပါခင်ဗျ။

လို့ရိုက်ပြီးEnter ၂ ချက်နှိပ်ပါ။(aung က user name ပါ။မေ့နေတဲ့ username ကိုရိုက်ရမှာပါ။)

From MMITD