Thursday 19 May 2011

ဖိုင်ဆိုက် 100 အထက်ရှိတဲ့ဖိုင်တွေကို ဘယ်လို upload တင်မလဲ ..

အခုပြောပြချင်တဲ့အဓိကကတော့ fileflyer ဆိုက်လေးကို ကြောငြာပေးချင်တာပါ .. ဒီဆိုက်လေးက 1 GB အထိ ပို့ဖို့ လက်ခံထားပါတယ် .. မြန်မာပြည်မှာက နေရာတော်တော်များများမှာ ဖိုင်တင်ဖို့ခက်ခဲကြရတယ် .. gmail ကနေ ပို့ဖို့ဆိုတာကလဲ ဖိုင်ဆိုက် နဲနဲကြီးသွားရင် မရတော့ပြန်ဘူး ... အဲ့ဒီ့တော့ ကျွန်တော်တို့အနေနဲ့ မေးလ်သဘောမျိုးလဲ ဖြစ်သွားအောင် . ကိုတင်ပြီးသား ဖိုင်ရဲ့ download လင့်ကိုလဲ ပေးစရာမလိုအောင် ဘယ်လိုလုပ်မလဲဆိုရင် www.fileflyer.com ကနေ ဖိုင်ကို တင်ပြီးတစ်ခါတည်း ပို့ပေးလို့ရပါတယ် .. လုပ်နည်းကိုပြောပြပါ့မယ် ..




(၁) http://www.fileflyer.com ကို သွားလိုက်ပါ ..
(၂) ပုံ-၁ အတိုင်း လိုအပ်တာတွေကို ဖြည့်လိုက်ပါ ..
(၃) send ကို နှိပ်ပါ .. အားလုံးပြီးသွားရင် ပုံ-၂ အတိုင်း ဖိုင်ကို တင်နေတာတွေ့ရမှာပါ ..
(၄) ပုံ-၃ လို လင့်တစ်ခုရလာပါလိမ့်မယ် .. အဲ့ဒီ့ရလာတဲ့ လင့်လေးကို နှိပ်လိုက်ပါ ...
(၅) ပုံ-၄ လိုမျိုး download လုပ်လို့ရတဲ့ အခြေအနေကို မြင်တွေ့ရပါလိမ့်မယ် ..

No comments: